MFF 100PLUS U14 Boys Super Cup 2015 ပြိုင်ပွဲ ပွဲစဉ်ဇယား ရေးဆွဲခြင်းနှင့် သတင်းစာ ရှင်းလင်းပွဲကျင်းပ
December 25, 2015MFF 100PLUS U14 Boys Super Cup 2015 ပြိုင်ပွဲဖွင့်လှစ်
December 29, 2015မြန်မာ ဘောလုံး အကယ်ဒမီ(ရန်ကုန်) ပန္နက်ရိုက် မင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ (၂၉)ရက်နေ့ နံနက် (၈)နာရီတွင် ရန်ကုန်မြို့၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ရုံး (MFF) အနီးရှိ မြက်ခင်းတု ကွင်းတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်။ MFF မှ တတိယမြောက် ဘောလုံး အကယ်ဒမီ အဖြစ် တည်ဆောက် သွားမည့် မြန်မာဘောလုံး အကယ်ဒမီ(ရန်ကုန်) အား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ထား၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဇနီး ဒေါ်ဌေးဌေးခိုင်၊ MFF ဒုက္ကဋ္ဌ နှင့် ရန်ကုန် ယူနိုက်တက် အသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ ရခိုင် ယူနိုက်တက် အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းသိန်းနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက် ပန္နက်ရိုက် ဖွင့်လှစ်ပေး ခဲ့သည်။
အခမ်းအနား တွင် ဝန်ကြီးချုပ် ဦးမြင့်ဆွေက အဖွင့် အမှာစကား ပြောကြားခဲ့ပြီးနောက် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က အကယ်ဒမီ ဖွင့်ရခြင်း ရည်ရွယ်ချက်ကို ပြောကြား ခဲ့သည်။
“မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ထူးချွန်လူငယ်တွေကို ရွေးချယ်လေ့ကျင့်ပေးမယ့် ကျောင်း ဖြစ်ပါတယ်။ နောက်ပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ဖလား အတွက် ကြိုတင် ပြင်ဆင်ခြင်းလည်း ဖြစ်ပါတယ်။ ကျွန်တော် တစ်ယောက်တည်း အားကြောင့် မဟုတ်ဘဲ အားလုံး ဝိုင်းဝန်း ကူညီပေး ကြတဲ့အတွက် ခုလို ဖွင့်လှစ်နိုင်တာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာ ယူ၂၀ အသင်း FIFA ယူ၂၀ ကမ္ဘာ့ဖလား ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ရာမှာ မန္တလေး ဘောလုံး အကယ်ဒမီက မွေးထုတ်ပေး လိုက်တဲ့ ကစားသမား ၆ ဦး ပါဝင်ခဲ့ ပါတယ်။ ဘောလုံး အကယ်ဒမီက လူငယ် ကစားသမား တွေဟာ မြန်မာ့ ဘောလုံး လောက အတွက် တောက်ပမယ့် အနာဂတ် မျိုးဆက်သစ်တွေ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာဖို့ MFF တစ်ခုတည်း လုပ်လို့ မဟုတ်ပါဘူး။ မြန်မာ နေရှင်နယ်လိဂ် ကလပ် အသင်းတွေရဲ့ တိုင်းပြည် အတွက် အနစ်နာခံ ဆောင်ရွက်ပေး ခဲ့တာ ကလည်း အရေးပါတဲ့ ကဏ္ဍက ပါဝင် ပါတယ်။ တကယ်တော့ ဘောလုံးမှာ အနိုင်ရပြီ ဆိုရင် ပျော်ရတာ ခဏတာ ပါပဲ။ အမြဲ ပျော်ရွင်ရတာ မဟုတ်ပါဘူး။ ရှုံးနိမ့်တဲ့ အချိန်မှာ နေရာ အသီးသီးက ပြစ်တင် ဝေဖန်မှုတွေ ကိုခံယူပြီး ယနေ့ မြန်မာ့ ဘောလုံး လောကသားတွေ ကြိုးပမ်း နေရတာပဲဖြစ်ပါတယ်။ မည်သို့ပင် ဖြစ်စေ ဘောလုံး အောင်မြင်မှုနဲ့ ကျွန်တော်တို့ တိုင်းပြည် လူထု ပရိသတ်ကို ပျော်ရွှင် မှုတွေ ပေးနိုင်ဖို့ အခုလိုလူငယ် စီမံကိန်းတွေ၊ ဘောလုံး အကယ်ဒမီတွေ ကနေ မျိုးဆက်သစ် ကစားသမားကောင်း တွေ မွေးထုတ် ပေးသွား မှာပါ” ဟု MFF ဥက္ကဋ္ဌက ဆိုသည်။ ထို့နောက် တက်ရောက် လာသူများကို မနက်စာ အကျွေးအမွေးနှင့် ဧည့်ခံပြီး ပန္နက်ရိုက်ခြင်း အခမ်း အနားကို ရုပ်သိမ်း ခဲ့သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုုပ်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ အားလုံးအတွက် ဘောလုံးရေ အလုံး(၅၀၀) လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ လက်ခံခဲ့ပါသည်။
မြန်မာ ဘောလုံး အကယ်ဒမီ(ရန်ကုန်)အား ဖီဖာမှ Goal Project 5 ဖြင့် ပံ့ပိုးမှု အမေရိကန် ဒေါ်လာ ၅ သိန်း၊ MFF ၏ AFP မှ အမေရိကန် ဒေါ်လာ ၂၈၄၇၉၄၊ ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးဇော်ဇော်မှ အကယ်ဒမီ အတွင်းပိုင်း ပြင်ဆင်မှုများ၊ လိုအပ်မည့် အသုံးအဆောင်များ ဖြည့်ဆည်းရေး အတွက် အမေရိကန် ဒေါ်လာ (၅)သိန်းနှင့် မြက်ခင်းတုကွင်း (၂)ကွင်း ဆောက်လုပ်မှု အတွက် အမေရိကန် ဒေါ်လာ (၁.၅)သန်း၊ စုစုပေါင်း အမေရိကန် ဒေါ်လာ (၂၇၈၄၇၉၄.၀၀)ဖြင့် တည်ဆောက် သွားမည် ဖြစ်သည်။