
MFF 100PLUS U14 Boys Super Cup 2015 ပြိုင်ပွဲဖွင့်လှစ်
December 29, 2015
လိဂ်-၂ တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရန် အသင်းသစ်များ ခြေစစ်ပွဲ ဝင်ရမည် ~ အပျော်တမ်းလိဂ် ကို ဇွန်လတွင် ကျင်းပရန် စီစဉ်
January 2, 2016ယနေ့ညနေက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အဆောက်အဦ ဘေးရှိ မြက်ခင်းတုကွင်းတွင် ကျင်းပခဲ့သည့် MFF U-14 Boys 100 Plus Super Cup ပြိုင်ပွဲ၏ ဗိုလ်လုပွဲ၌ ဇွဲကပင် အကယ်ဒမီ (က) အသင်းက မြန်မာဘောလုံး အကယ်ဒမီ မန္တလေး (က) အသင်းကို (၅-ဝ) ဂိုးဖြင့် ဂိုးပြတ် အနိုင်ယူကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။
ယခုပွဲတွင် ဇွဲကပင် အကယ်ဒမီ အသင်းအနေဖြင့် အထူး ခြေစွမ်းပြ နိုင်ခဲ့ပြီး မန္တလေး အကယ်ဒမီ အသင်းကို ပိတ်ဆို့ ဖြတ်တောက် ကစားနိုင်ခဲ့ သောကြောင့် ပြိုင်ပွဲတစ်လျှောက် ခြေစွမ်းပြခဲ့သည့် မန္တလေး အကယ်ဒမီ အသင်းမှာ ဂိုးပေါက် ခြိမ်းခြောက် နိုင်ရန်အတွက်ပင် အတော်လေး ရုန်းကန်ခဲ့ရသည်။ ဇွဲကပင် အကယ်ဒမီ အသင်းမှာမူ အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး မန္တလေး အကယ်ဒမီ အသင်း၏ ဂိုးပေါက်ကို တောက်လျှောက် ခြိမ်းခြောက် နိုင်ခဲ့သလို ဂိုးများလည်း သွင်းယူနိုင်ခဲ့သည်။ ဇွဲကပင် အသင်းအတွက် အဖွင့်ဂိုးနှင့် အပိတ်ဂိုးကို ကွင်းလယ်လူ ရဲမင်းကျော်က ပွဲချိန် ၁၆ မိနစ်နှင့် ၆၀ မိနစ် များတွင် သွင်းယူပေးခဲ့ပြီး အသင်းခေါင်းဆောင် ပိုင်စိုးဝေက ၃၇ မိနစ်၊ ကွင်းလယ်လူ ဇော်ဝင်းသိန်းက ပွဲချိန် ၂၈ မိနစ်၊ ပွဲချိန်တစ်လျှောက် ခြေစွမ်းပြနေသည့် ဥက္ကာနိုင်က ပင်နယ်တီမှ တဆင့် ပွဲချိန် ၄၇ မိနစ် များတွင် အသီးသီး သွင်းယူပေးခဲ့ကြ သောကြောင့် ပွဲအပြီးတွင် ဇွဲကပင် အကယ်ဒမီ (က) အသင်းက ထိုက်ထိုက်တန်တန် အနိုင်ရကာ ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲတစ်လျှေက် တန်ဖိုးအရှိဆုံး ကစားသမား ဆုရ ဥက္ကာနိုင်။ ဓာတ်ပုံ – ကြည်စိုး (MFF)
ပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတစ်လျှောက် တန်ဖိုးအရှိဆုံး ကစားသမား အဖြစ် ဇွဲကပင် အကယ်ဒမီ (က) အသင်းမှ ဥက္ကာနိုင်က ရွေးချယ်ခံခဲ့ရသည်။ အကောင်းဆုံး ကစားသမား ဥက္ကာနိုင်ကို ဆုတံဆိပ်နှင့် အတူ ဆုကြေးငွေ ငါးသောင်းကျပ် ချီးမြှင့်ခဲ့သည်။ ထို့နောက် တတိယ ဆုရရှိသည့် ဧရာဝတီ အကယ်ဒမီ အသင်းကို တစ်ဦးခြင်း ဆုတံဆိပ်နှင့် အတူ ဆုကြေးငွေ ၂ သိန်းကျပ်၊ ဒုတိယဆု ရရှိသည့် မြန်မာဘောလုံး အကယ်ဒမီ မန္တလေး (က) အသင်းကို တစ်ဦးခြင်း ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် ၃ သိန်း၊ ချန်ပီယံ ဇွဲကပင် ယူနိုက်တက် အကယ်ဒမီ (က) အသင်းကို တစ်ဦးချင်း ဆုတံဆိပ်၊ ဆုငွေကျပ် ၅ သိန်းနှင့် တံခွန်စိုက် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့် ခဲ့သည်။