မန္တလေး အကယ်ဒမီ (က) အသင်းကို ဂိုးပြတ်အနိုင်ယူကာ 100 PLUS SUPER CUP ကို ဇွဲကပင် အကယ်ဒမီ(က) အသင်း ဆွတ်ခူး
December 31, 20152016 MNL-2 ဝင်ခွင့်ခြေစစ်ပွဲ အတွက် ပွဲစဉ်ဇယားများ ထွက်ပေါ်
January 4, 2016ကျင်းပပြီးစီးခဲ့သည့် ၂၀၁၅ မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား။
၂၀၁၆ မြန်မာနေရှင်နယ်လိဂ် -၂ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လိုသည့် အသင်းသစ်များ အနေဖြင့် ခြေစစ်ပွဲ ကစားရမည် ဖြစ်ပြီး ယင်းခြေစစ်ပွဲ အောင်မြင်မှသာ လိဂ်-၂ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုမည် ဖြစ်ကြောင်း အသင်းသစ်များ စိစစ်ရေး ကော်မတီက ဆုံးဖြတ်ချက် ချလိုက်သည်။ အသင်းသစ်များ စိစစ်သုံးသပ်ရေး ကော်မတီ အနေဖြင့် လိဂ်-၂ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် လျှောက်ထား ခဲ့သည့် အသင်းများနှင့် တွေ့ဆုံမေးမြန်း စိစစ်မှုများကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆၊ ၂၃ ရက်များတွင် ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ လိဂ်-၂ သို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပြုရန် လျှောက်ထားခဲ့သည့် အသင်းများ ဖြစ်သည့် TTU FC ၊ မဟာမြန်မာ FC ၊ စီးတီးစတား၊ United of Thanlyin စသည့် အသင်းသစ် ၄ သင်း အနေဖြင့် ပတ်လည် ခြေစစ်ပွဲတစ်ရပ် ကစားရမည် ဖြစ်သည်။ ယင်းခြေစစ်ပွဲတွင် အမှတ်အများဆုံး ရရှိသည့် အသင်း ၃ သင်းမှာ လိဂ်-၂ ပြိုင်ပွဲသို့ ဝင်ရောက် ခွင့်ရရှိမည် ဖြစ်သည်။ သို့သော် ခြွင်းချက် အနေဖြင့် ခြေစစ်ပွဲအောင် အသင်းများ အနေဖြင့် ခိုင်မာသော ဘဏ္ဍာရေး အခြေအနေ မရှိခြင်း၊ ယူ-၁၈ လူငယ် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်မှု မရှိခြင်း၊ ခြေစစ်ပွဲအတွင်း စည်းကမ်းများ ဖောက်ဖျက်ခြင်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီ၏ စည်းမျဉ်းများကို လိုက်နာမှု မရှိခြင်း စသည့် စံချိန်စံညွှန်းများ ကိုက်ညီမှု မရှိပါက လိဂ်-၂ သို့ ဝင်ရောက်ခွင့် ရမည် မဟုတ်ပေ။ ထို့အပြင် MNL-2 ပြိုင်ပွဲသို့ ခြေစစ်ပွဲအောင်မြင်ပြီး ပါဝင်ကစားခွင့် ရမည့် အသင်းများ အနေဖြင့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲစည်းမျဉ်းများ အရလည်းကောင်း၊ လိဂ်ပြိုင်ပွဲ၏ ဂုဏ်သိက္ခာအရ လည်းကောင်း၊ လိုအပ်ချက်များအရ လည်းကောင်း အသင်းအမည်၊ အမှတ် တံဆိပ်လိုဂို၊ အလံ စသည်တို့အား လိုအပ်သလိုပြင်ဆင် ပြောင်း လဲပေးရမည် ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီ အနေဖြင့် ဇွန်လကုန်ပိုင်းတွင် အပျော်တမ်းလိဂ် ပြိုင်ပွဲ တနည်းအားဖြင့် လိဂ်-၃ ပြိုင်ပွဲကို စတင်ကျင်ပမည် ဖြစ်သည်။ ထို့ကြောင့် ခြေစစ်ပွဲမအောင်သည့် အသင်း အနေဖြင့် ယင်း ပြိုင်ပွဲမှသာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည်ဖြစ် သည်။ အလားတူပင် ခြေစစ်ပွဲ အောင်မြင်ခဲ့သော်လည်း သတ်မှတ်ချက် တစ်စုံတစ်ရာကို ချိုးဖောက် မိခဲ့သည့် အသင်း အနေဖြင့်လည်း အဆိုပါ အပျော်တမ်းလိဂ် ပြိုင်ပွဲ၌သာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်သည်။
အဆိုပါ အသင်းများ အပြင် အပျော်တမ်းလိဂ် ပြိုင်ပွဲအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီသည့် အသင်းများ ကိုလည်း ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ပေးသွားမည် ဖြစ်သည်။
အပျော်တမ်းလိဂ် ပြိုင်ပွဲ ရှိလာမည် ဖြစ်ရာ လိဂ်-၂ ပြိုင်ပွဲမှ အသင်းများ အနေဖြင့်လည်း ၂၀၁၇ ခုနှစ် အရောက်တွင် တန်းဆင်းစနစ် ကျင့်သုံးရတော့မည် ဖြစ်သည်။ လိဂ်-၂ ပြိုင်ပွဲတွင် တန်းတက်စနစ် ရှိပြီး တန်းဆင်းစနစ် မရှိသေးရာ ၂၀၁၇ အရောက်တွင် ပြိုင်ပွဲ၏ အောက်ဆုံး ၂ သင်း သို့မဟုတ် ၄ သင်းမှာ အပျော်တမ်းလိဂ်သို့ တန်းဆင်းရမည် ဖြစ်ပြီး အပျော်တမ်းလိဂ်မှ ထိပ်ဆုံး ၂ သင်းမှာ လိဂ်-၂ ပြိုင်ပွဲ၏ သတ်မှတ်ချက်များနှင့် ပြည့်မီပါက လိဂ်-၂ သို့ တန်းတက်ခွင့် ရမည် ဖြစ်သည်။
အသင်းသစ်များ၏ ခြေစစ်ပွဲကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၅၊ ၇၊ ၉) ရက်နေ့များတွင် တစ်ရက်လျင် (၂)ပွဲနှုန်းဖြင့် ယှဉ်ပြိုင် ကစား စေမည်ဖြစ်သည်။ ပွဲစဉ်များ မဲနှိုက်ခြင်းနှင့် ပြိုင်ပွဲစည်းမျဉ်းများ၊ ပွဲစဉ်ရေးဆွဲမှု အစီအစဉ်များကို ဇန်နဝါရီလ (၄) ရက်နေ့ နံနက်(၁၀)နာရီခွဲတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံသည့် အစည်းအဝေးအပြီးတွင် စီစဉ်ဆုံးဖြတ် ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။
အသင်းသစ်များ စိစစ်သုံးသပ်ရေး ကော်မတီဝင်များ
(က) ဒေါက်တာ ဂျိမ်းလျှန်စိုင်း – (Owner, CUFC ) ဥက္ကဌ
(ခ) ဦးဇော်မင်းသိန်း – (Owner, RUFC ) ဒုတိယ ဥက္ကဌ
(ဂ) ဦးလှဌေး – (Owner, ZUFC ) အဖွဲ့ဝင်
(ဃ) ဦးမင်းလှိုင် – (Predident , RUFC) အဖွဲ့ဝင်
(c) ဦးသန်းဇော် – (Chairman, FIB) အဖွဲ့ဝင်