လိဂ်-၂ တွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရန် အသင်းသစ်များ ခြေစစ်ပွဲ ဝင်ရမည် ~ အပျော်တမ်းလိဂ် ကို ဇွန်လတွင် ကျင်းပရန် စီစဉ်
January 2, 2016လေ့ကျင့်ရေး ကုန်ကျစရိတ် လျော်ကြေး (Training Compensation) ဆိုတာ ဘာလဲ
January 8, 2016၂၀၁၆ ခုနှစ် မြန်မာနေရှင်နယ်လိဂ် 2016 MNL-2 ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိရေးအတွက် အဆိုပြုထားသော ကလပ်အသင်း (၄) သင်းအား ခြေစစ်ပွဲအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည် ဖြစ်ကြောင်း လိဂ်ကော်မတီမှ ဆွေးနွေးဆုံးဖြတ်ခဲ့သည့် အတိုင်း ခြေစစ်ပွဲများကို ယခုအပတ်အတွင်း ယှဉ်ပြိုင် ကစားစေမည် ဖြစ်ရာ ပွဲစဉ်ဇယားအား ယနေ့ MFF ရုံးချုပ်တွင် ရေးဆွဲထုတ်ပြန်ခဲ့သည်။ အသင်းများ မဲနှိုက်ခြင်း၊ ပွဲစဉ်သတ်မှတ်ခြင်းနှင့် အထွေထွေ ဆွေးနွေးခြင်းသို့ သက်ဆိုင်ရာ ကလပ်အသင်းများမှ နည်းပြများနှင့် တာဝန်ရှိသူများ၊ MNL COO ဦးစိုးမိုးကျော်နှင့် MNL ဌာနတာဝန်ရှိသူများ၊ မီဒီယာ၊ ကွင်းရုံ၊ လုံခြုံရေး တာဝန်ခံများ၊ ပြိုင်ပွဲကြီးကြပ်သူများနှင့် ဒိုင်ကြီးကြပ်များ တက်ရောက်ခဲ့သည်။
ကလပ်အသင်း များအနေဖြင့် MNL ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းချက်များ၊ ပရော်ဖက်ရှင်နယ်လိဂ် အသင်းများအဖြစ် ဆက်လက် တည်ဆောက်သွားရန် စံညွန်းသတ်မှတ်ချက်များ၊ ပြိုင်ပွဲကျင်းပမည့် ပုံစံများနှင့် အခြားလိုအပ်ချက်များအား MNL COO ဦးစိုးမိုးကျော်မှ အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြား သွားပြီးနောက် ပွဲစဉ်များအား မဲနှိုက်ရေးဆွဲခဲ့ကြသည်။ ယင်းနောက် ပြိုင်ပွဲတွင် တာဝန်ယူ ဆောင်ရွက်မည့် မီဒီယာ၊ ကွင်းရုံ၊ လုံခြုံရေး၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့က အသီးသီး ဆွေးနွေး ပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲဝင် အသင်းများနှင့် အထွေထွေ ဆွေးနွေးမှုများပြုလုပ်ကာ အစည်းအဝေး ရုတ်သိမ်းခဲ့သည်။
MNL 2 ခြေစစ်ပွဲများအား ဇန်နဝါရီလ ၅ ရက်နေ့ (မနက်ဖြန်)မှ ၉ ရက်နေ့အထိ ရန်ကုန်မြို့ ပဒုမ္မာကွင်းနှင့် စလင်းကွင်းတို့တွင် ညနေ (၃း၃၀)နာရီမှ စတင်ကာ ကျင်းပသွားမည် ဖြစ်ပြီး ကွင်းဝင်ကြေးအဖြစ် ကျပ် ၅၀၀ သတ်မှတ်ထားသည်။
ခြေစစ်ပွဲစဉ်များ
2016 MNL-II Qualifier
Fxiture
5.1.2016 (3:30 PM)
United of Than Lyin Vs City Stars (Padonmar Stadium)
Mahar United FC Vs Thihadeepa FC (Salin Stadium)
7.1.2016 (3:30 PM)
Thihadeepa FC Vs United of Than Lyin (Padonmar Stadium)
City Stars FC Vs Mahar United FC (Salin Stadium)
9.1.2015 (3:30 PM)
United of Than Lyin Vs Mahar United FC (Padonmar Stadium)
Thihadeepa FC Vs City Stars FC (Salin Stadium)