AFC U-14 Girls’ Regional Championshipတွင် မြန်မာပါဝင် ယှဉ်ပြိုင်မည်
January 14, 2016အ.လ.က(၅) ရွှေပြည်သာမှ FIFA 11 for Health ပုံရိပ်များ
January 20, 2016မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)သည် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း နည်းပြချုပ် ရာထူးအတွက် ယခင် နယ်သာလန် အမျိုးသမီး လက်ရွေးစင်အသင်း နည်းပြဟောင်း ရော်ဂျာ ရိုင်နာ (Roger Reijners)အား ခန့်အပ်တာဝန် ပေးရန် ဆက်သွယ်ဆောင်ရွက် လျက်ရှိ သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် ယခုနှစ်အတွင်း အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် အပါအဝင် အခြားသော နိုင်ငံတကာ ပြိုင်ပွဲအသီးသီး အားဝင်ရောက် ယှဉ်ပြိုင်ရ မည်ဖြစ်ရာ လက်ရှိအချိန်တွင် ဒေါ်သက် သက်ဝင်းက နည်းပြချုပ် အဖြစ် ယာယီတာဝန်ယူ လျက်ရှိသည်။ MFF အနေဖြင့် အာဆီယံ ချန်ပီယံရှစ်တွင် အောင်မြင်မှု ရရှိရေးအတွက် ကမ္ဘာ့အဆင့် နည်းပြတစ်ဦး ခန့်အပ်တာဝန် ပေးရန်ကြိုးပမ်းသည့် အနေဖြင့် အထက်ပါ နယ်သာလန် နည်းပြအား ခေါ်ယူရန် ကြိးပမ်းခြင်းဖြစ် သည်။
နယ်သာလန် နည်းပြ ရိုင်နာသည် MFF နှင့် အကြမ်းဖျင်း သဘောတူညီမှု ရရှိထားပြီး နှစ်ဖက် ညှိနှိုင်းမှုများ အပြီးသတ်ပါက လာမည့် ဖေဖော်ဝါရီလ ဒုတိယ အပတ်အတွင်း ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။ အသက် ၅၁ နှစ်အရွယ် ရိုင်နာသည် နယ်သာလန် အမျိုးသမီး လက်ရွေးစင် အသင်းအား ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကာလရှည် တာဝန်ယူခဲ့သူ ဖြစ်ပြီး ပြီးခဲ့သည့် ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလား ၂၀၁၅ (ကနေဒါ)တွင် နယ်သာလန် အသင်းအား ၁၆ သင်း ရှုံးထွက်အဆင့်သို့ ရောက်ရှိစေခဲ့သည်။ နယ်သာလန် ယူ-၂၁ လက်ရွေးစင် အဖြစ်လည်း ပါဝင်ကစားခဲ့သည့် ရိုင်နာသည် ၁၉၈၃ မှ ၁၉၉၅ ခုနှစ်များအတွင်း နယ်သာလန် ဆုကြေးစား ကလပ် Fortuna Sittard နှင့် MVW တို့တွင် ကစားသမား အဖြစ်ဖြတ်သန်း ခဲ့ပြီး ၂၀၀၀ ခုနှစ်မှ စတင်ကာ နည်းပြအဖြစ် ယင်းကလပ် အသင်းများနှင့် နယ်သာလန် အမျိုးသမီး လက်ရွေးစင် အသင်းအား တာဝန်ယူခဲ့သည်။
MFF သည် ရိုင်နာနှင့်အတူ ကြံ့ခိုင်ရေး နည်းပြအဖြစ် ဂျာမနီ နိုင်ငံသား မီရိုဆလပ် Mr.Miroslav Jagatic ကိုလည်း (၁၁)လ စာချုပ်သက်တမ်းဖြင့် ခေါ်ယူ ထားပြီးဖြစ်ရာ ယခုအပတ်အတွင်း ရောက်ရှိလာမည်ဖြစ်သည်။