ရာသီအဖွင့်ပွဲတွင် အရှုံးရလဒ်နှင့် ရင်ဆိုင်ခဲ့ရသည့် လက်ရှိချန်ပီယံ ရန်ကုန် ယူနိုက်တက်
January 26, 2016လက်ရှိ ချန်ပီယံ ရှုံးပွဲကြုံခဲ့သည့် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ သုံးသပ်ချက်
January 26, 2016လက်ရှိ ချန်ပီယံ ရန်ကုန် ယူနိုက်တက် အသင်းကို အဖွင့်ပွဲတွင် အဝေးကွင်း၌ သွားရောက် အနိုင်ကစားခဲ့ပြီးနောက် မကွေးအသင်း၏ နည်းပြချုပ် ဦးကြည်လွင်က ရန်ကုန်ကို ရင်ဆိုင်ရန် ပြင်ဆင်ထားခဲ့သည့် အနည်းဗျူဟာ အတိုင်း အသင်းသားများ လိုက်ကစား နိုင်ခဲ့သောကြောင့် အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။
ဦးကြည်လွင်၏ မကွေးအသင်းသည် ရန်ကုန် ယူနိုက်တက် အသင်း၏ အိမ်ကွင်းတွင် သွားရောက် ယှဉ်ပြိုင် ခဲ့ရခြင်း ဖြစ်ပြီး ခြေစွမ်းအသာစီး ရယူ ကစားနိုင်ခဲ့ကာ ဦးဆောင်ဂိုးများ သွင်းယူပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဦးကြည်လွင်က “ဒီနေ့ပွဲမှာ အနိုင်ရခဲ့တာက ကစားသမားတွေက မှာတဲ့အတိုင်း ကစားနိုင်ခဲ့လို့ပါ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ရန်ကုန်ကို ဘောလုံး ကိုင်ခွင့် မပေးဘဲ Pressing လုပ်ပြီး ကစားနိုင်ခဲ့ပါတယ်။ ဒီလိုကစားရတာ သာမာန်ထက် ပိုပြီး ပင်ပန်းပေမယ့် ကစားသမားတွေက အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်”ဟု ဦးကြည်လွင်က ဆိုခဲ့သည်။ ယခုပွဲ အနိုင်ရခဲ့ခြင်းကြောင့် မကွေးအသင်း အနေဖြင့် ရန်ကုန်ကို အဝေးကွင်းတွင် နှစ်ပွဲဆက် အနိုင်ရရှိသည့် အသင်း အဖြစ် မှတ်တမ်း တင်နိုင်ခဲ့သည်။
ရန်ကုန်နှင့် ပွဲမှ မကွေးအသင်း၏ ပွဲထွက် ကစားသမားများ။
မကွေးအသင်း အနေဖြင့် ယခုကဲ့သို့ အသင်းကြီးများကို အနိုင်ကစားနိုင်စွမ်း ရှိခဲ့သည်မှာ ပြီးခဲ့သည့် နှစ်များကတည်းက ဖြစ်သော်လည်း ချန်ပီယံဆုကို ရယူနိုင်ခြင်း မရှိသေးရာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦးကြည်လွင်က “ကျွန်တော်လည်း အဲ့လို ဘာကြောင့် ဖြစ်ရလဲ ဆိုတာကိုပဲ စဉ်းစားနေတာပါ။ ချန်ပီယံဆုကို မရယူနိုင်သေးတဲ့ အနေအထားကို ကျော်လွှားနိုင်ဖို့ ကျိုးစားမှာပါ။ အရင်နှစ်တွေက နိုင်ငံခြားကစားသမား အပိုင်းမှာလည်း အသင်းက အခက်အခဲ အများကြီး တွေ့ခဲ့ပါတယ်။ ခုတော့ သူတို့ကို ဘယ်လို ကိုင်တွယ်ရမယ် ဆိုတာ သိလာပါပြီ။ ရာသီကုန်ရင် ချန်ပီယံ ဖြစ်ဖို့ထိန်းထားပါတယ်။ တစ်ရာသီလုံး ပုံစံကောင်း ရဖို့လည်း အာရုံစိုက်ထား ပါတယ်”ဟု ဆက်လက် ပြောကြားခဲ့သည်။