ရာသီကုန်တွင် တန်းတင်ကျန်ရစ်မည်ဟု ယုံကြည်ကြောင်း Horizon အသင်း နည်းပြချုပ် ပြောကြား
January 26, 2016နည်းဗျူဟာအတိုင်း လိုက်ကစားနိုင်၍ ရန်ကုန်ကို နိုင်ခဲ့ခြင်းဟု မကွေး နည်းပြချုပ် ဦးကြည်လွင် ဖွင့်ဟ
January 26, 2016၂၀၁၆ မြန်မာ နေရှင်နယ်လိဂ် Ooredoo MNL 2016 ပထမအပတ် ဒုတိယနေ့ ပွဲစဉ်အဖြစ် ဇွဲကပင်ယူနိုက်တက် အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့ သုဝဏ္ဏကွင်းတွင် ဇန်နဝါရီလ(၁၀)ရက်နေ့ ညနေ ၄:၀၀ နာရီက ယှဉ်ပြိုင်ကစားခဲ့ရာ ဇွဲကပင် ယူနိုက်တက်အသင်းက ချင်းယူနိုက်တက်အသင်းကို (၃-ဝ) ဖြင့် ဂိုးပြတ်အနိုင် ကစား ခဲ့သည်။ ဇွဲကပင်ယူနိုက်တက် အသင်းအနေနှင့် ချင်းယူနိုက်တက် အသင်းကို ပွဲစတင်ချိန်မှစပြီး ဖိအားပေး ကစားနိုင်ခဲ့သည်။
ပွဲချိန် ၇ မိနစ်မှစပြီး ပွဲချိန် ၁၃ မိနစ်၊ ၁၅ မိနစ်တို့တွင် ဇွဲကပင်ယူနိုက်တက်အသင်းက ဂိုးသွင်းနိုင်ခွင့်များ ရရှိခဲ့သည်။ သို့သော် ချင်းယူနိုက်တက်အသင်းမှ ဂိုးသမား ပြည့်ဖြိုးဦးနှင့် နောက်ခံကစားသမားများကြောင့် ဂိုးရယူနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ချင်း ယူနိုက်တက် အနေဖြင့် ပွဲချိန် မိနစ် ၂၀ မှစတင်ပြီး တန်ပြန်တိုက်စစ်များဖြင့် ကစားနိုင်ခဲ့သည်။ ပွဲချိန် ၃၅ မိနစ်အရောက်တွင် ဇွဲကပင်ယူနိုက်တက် အသင်းမှ နိုင်ငံခြားကစားသမား ကျောနံပါတ် ၂၄ ကလစ်ဖို့(ဒ်)က အဖွင့်ဂိုးကို စတင်သွင်းယူခဲ့သည်။ ဇွဲကပင်ယူနိုက်တက် အသင်းသည် အဖွင့်ဂိုးသွင်းယူပြီး နောက် ၂ မိနစ်တွင် ချင်းယူနိုက်တက် အသင်းအငိုက်စာင့်ပြီး ဂိုးထပ်မံရယူနိုင်ခဲ့ပြန်သည်။ ၎င်းဂိုးကို ကျောနံပါတ် ၁၁ အောင်မိုးမှ သွင်းယူခဲ့ပေသည်။ ချင်း ယူနိုက်တက်အသင်း တန်ပြန် တိုက်စစ်မဆင်နိုင်ခင် ပွဲချိန် ၄၂မိနစ်တွင် ဇွဲကပင် ယူနိုက်တက် အသင်းမှ နိုင်ငံခြား ကစားသမား ကျောနံပါတ် ၇ ကန်က အသင်းအတွက် သုံးဂိုးမြောက်ဂိုးကို လှလှပပ သွင်းယူခဲ့သည်။ ပထမပိုင်း ၄၅ မိနစ်တွင် ချင်းယူနိုက်တက်အနေဖြင့် ဂိုး အခွင့်အလမ်းအနည်းငယ်သာရရှိခဲ့ပြီး ဇွဲကပင်ယူနိုက်တက် အသင်း၏ ဖိအားပေး ကစားခြင်းကို ခံခဲ့ရသည်။
ဒုတိယပိုင်းတွင် ချင်းယူနိုက်တက်အသင်း၏ကစားပုံ ပိုမိုအားကောင်းလာပြီး တန်ပြန်တိုက်စစ်ဆင်လာနိုင်ခဲ့သည်။ ပွဲချိန် ၅၁မိနစ်၊ ၅၅မိနစ်၊ ၅၉မိနစ်၊ ၆၃မိနစ်တို့တွင် ချင်းယူနိုက်တက်အသင်း ချေပဂိုးရရှိရေးအတွက် ဖိကစားနိုင်ခဲ့သည်။ သို့သော် ဂိုးပေါက် လွဲချော်မှုများကြောင့် ချေပဂိုးများနှင့်လွဲခဲ့ရပြန်သည်။ပထမပိုင်းတွင်ဇွဲကပင်ယူနိုက်တက်အသင်းကဖိကစား နိုင်ခဲ့သော်လည်း ဒုတိယ ပိုင်းတွင် ချင်းယူနိုက်တက်အသင်း၏ ဖိအားပေး ကစားခြင်းကို ခံရသည့်အတွက် ပထမပိုင်းကဲ့သို့ အသာစီး ကစားနိုင်ခြင်း မရှိတော့ပေ။ ချေပဂိုးမပေးရရေးကိုအဓိကထားကစားခဲ့ကြသည်။ ချင်းယူနိုက်တက် အသင်းအနေဖြင့် လည်းနောက်ဆုံး ပွဲချိန် ရောက် သည့်တိုင် ချေပဂိုး ရရှိရန်ကြိုးစား ခဲ့ပေသည်။ သို့သော် ဇွဲကပင်ယူနိုက်တက် အသင်း၏ ခံစစ် အားကောင်းခြင်းကြောင့် ချေပဂိုးနှင့် အကြိမ်ကြိမ် လွဲခဲ့ရသည်။ ထို့ကြောင့် ဇွဲကပင်ယူနိုက် တက်အသင်း အနေဖြင့် ချင်းယူနိုက်တက် အသင်းကို (၃-ဝ)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရပြီး ပွဲဦးထွက် အနေဖြင့် အမှတ် ၃မှတ်ကို အရယူနိုင်ခဲ့ပေသည်။