မာကျောသည့် ခံစစ်ကြောင့် သရေတစ်မှတ် ရခဲ့သည့် ချင်းယူနိုက်တက်
January 26, 2016တိုက်စစ်မှူး လှသူ ဟက်ထရစ်ဖြင့် စီးတီးစတားအသင်း လိဂ်-၂ အဖွင့်လှခဲ့
January 27, 2016ဇန်နဝါရီလ (၁၆)ရက်နေ့ ညနေ ၄:၀၀ နာရီတွင် သုဝဏ္ဏကွင်း၌ ဇွဲကပင်အသင်းနှင့် Horizon အသင်းတို့ယှဉ်ပြိုင်ကစားရာ တန်းတက်အသင်းဖြစ်သည့် Horizon အသင်းက ဇွဲကပင်အသင်းကို (၃-၂)ဂိုးနှင့် အနိုင်ယူကစားနိုင်ခဲ့သည်။
ဇွဲကပင်အသင်းအနေဖြင့် ပွဲစပြီး (၉)မိနစ်တွင် ကျောနံပါတ်(၁၁) အောင်မိုးကန်သွင်းသောဂိုးဖြင့် အဖွင့်ဂိုးကိုစတင်ရရှိခဲ့သည်။ Horizon အသင်းမှ ချေပဂိုးရရှိရန် ကြိုးပမ်းခဲ့ပြီး ပွဲချိန် (၁၂)မိနစ်တွင် အသင်းအတွက် ချေပဂိုးကို ကျောနံပါတ် (၂၃)ချမ်းဦးမှ သွင်းယူ ပေးနိုင်ခဲ့သည်။ ဇွဲကပင်အသင်းအနေနှင့် Horizon အသင်းအား ဖိကစားနိုင်ရန် ကြိုးစားသော်လည်း ထင်သလောက် အောင်မြင်မှုမရခဲ့ဘဲ Horizon အသင်း၏ တန်ပြန်တိုက်စစ်ဆင်ခြင်းကိုခံရသည့်အတွက် အသင်းနှစ်သင်းစလုံးဂိုး ထပ်မံရရှိရန် ကြိုးပမ်းခဲ့ရသည်။
ဒုတိယပိုင်းတွင် Horizon အသင်းမှတိုက်စစ်ပိုမိုအားကောင်းလာပြီး အသင်းအတွက် ဒုတိယဂိုးကို ကျောနံပါတ် (၁၉) မျိုးဇော်ဦးမှ ပွဲချိန် (၅၉)မိနစ်တွင် သွင်းယူပေးခဲ့သည်။ Horizon အသင်းသည် တန်းတက်အသင်းဖြစ်သော်လည်း ဇွဲကပင်အသင်း၏ ဂိုးပေါက်ကို ခြိမ်းခြောက်မှုများ ဆက်တိုက်လုပ်နိုင်ခဲ့သည်။ ထို့နောက်ပွဲချိန် (၆၇)မိနစ်အရောက်တွင် Horizon အသင်းအတွက် တတိယမြောက် ဂိုးကို ကျောနံပါတ် (၁၉) မျိုးဇော်ဦးမှ ဒုတိယအကြိမ်သွင်းယူပေးခဲ့သည်။ Horizon အသင်း၏ တတိယမြောက်ဂိုးအသွင်းကို ခံယူ ခဲ့ရပြီးနောက် ဇွဲကပင်အသင်းမှာ တိုက်စစ်ကိုအားမြှင့် ကစားခဲ့သည်။ သို့သော် Horizon အသင်း၏ ဂိုးသမား အောင်ကိုကိုနိုင်၏ ပုတ်ထုတ်ကာကွယ်နိုင်မှုများကြောင့် ဂိုးသွင်းခွင့်များရရှိခဲ့သည့်တိုင် ဂိုးများမရရှိခဲ့ပေ။ ဇွဲကပင်အသင်း အနေဖြင့် နောက်ဆုံး မိနစ်ရောက်သည့်တိုင် ချေပပိုးထပ်မံရရှိရေးအတွက် ကြိုးပမ်းခဲ့ရာ အချိန်ပို (၅)မိနစ်အရောက်တွင် Horizon အသင်းနောက်ခံလူ ကစားပုံ ကြမ်းသောကြောင့် ကျောနံပါတ် (၇) ကမ်(Ken)မှ ဒုတိယချေပဂိုးကို ပင်နယ်တီမှ ရရှိခဲ့ပေသည်။
သတင်းစာရှင်းလင်းပွဲတွင် Horizon အသင်း တူရကီလူမျိုုး နည်းပြချုပ် အာဒင့် ပါလာက ယခုလိုပြောကြားခဲ့သည်။ “အခုပွဲဟာ ပွဲကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်း ကစားသမားများ အားလုံးဟာ အတွေ့အကြုံနုတဲ့အတွက် စိတ်လှုပ်ရှား တာတွေကို အတတ်နိုင်ဆုံးထိန်းချုပ်ပြီး ကစားခဲ့ရပါတယ်။ နောက်ပွဲတွေမှာ အသင်းကြီးတွေနဲ့ ထပ်တွေ့တဲ့အခါ အတတ်နိုင်ဆုံး အနိုင် မဟုတ်တောင် သရေရအောင် ကြိုးစားသွားမှာပါ။ ပွဲတိုင်းအတွက် ၁၀၀ ရာခိုင်နှုန်းကြိုးစားပြီး ကစားသွားမှာပါ”။ ဇွဲကပင်အသင်း နည်းပြချုပ် ဦးအောင်မင်းဦးကလည်း ” ချင်းယူနိုက်တက်နှင့် ပထမအကြိမ် စတွေ့ပြီးထဲက လုံးဝပေါ့ဆလို့မရဘူးဆိုတာ ကစားသမား အားလုံးကို ပြောထားပြီးသားပါ၊ ကျွန်တော့အသင်းအနေနဲ့ အခုပွဲမှာ အာရုံစူးစိုက်မှုအပိုင်း တော်တော်အားလျော့သွားပါတယ်၊ စုစု စည်းစည်း ကစားနိုင်မှုအားနည်းသွားပါတယ်၊ နောက်ပွဲတွေအတွက် အခုလို မဖြစ်အောင် ကစားသမားများ ချိတ်ဆက်ကစားပုံ ကို သေချာပြင်ဆင်သွားမှာပါ” ဟုပြောကြားခဲ့သည်။