
ဟံသာဝတီ ခြေစွမ်းပြပြီး လက်ရှိချန်ပီယံကို ၂ ပွဲဆက် အရှုံးရလဒ် ကြုံတွေ့စေခဲ့
January 27, 2016
ဧရာဝတီကို အနိုင်ကစားကာ မကွေးအသင်း အမှတ်ပေးဇယား ဦးဆောင်
January 28, 2016ယနေ့ နေ့လည် (၁)တစ်နာရီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံး၌ MFF နှင့် ဂျာမနီနိုင်ငံသား နည်းပြမီရိုဆလပ် (Mr.Miroslav Jagatic) တို့ စာချုပ်ချုပ်ဆိုမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
ဂျာမနီနိုင်ငံသား အသက် (၄၀)အရွယ် မီရိုဆလပ်အား မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ ကြံ့ခိုင်ရေးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ မီရိုဆလပ်သည် ငယ်စဉ်အခါက ဒေသတွင်းကလပ် အသင်းများ တွင် ရှေ့တန်း တိုက်စစ်မှူး ကစားသမား အဖြစ် ဖြတ်သန်းခဲ့သူဖြစ်ပြီး ၂၀၀၉ခုနှစ်မှ စတင်ကာ ဒေသတွင်း ကလပ်အသင်းများတွင် နည်းပြချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ဖူး သူလည်းဖြစ်သည်။ မီရိုဆလပ်သည် သက်တမ်းလိုက် ဘာလင် ယူ ၁၆-ယူ ၂၁ အသင်းများတွင် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ ကြံ့ခိုင်ရေးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ယင်းကဲ့သို့ အတွေ့အကြုံရှိသူ မီရိုဆလပ်အား MFF မှ မြန်မာ့လက်ရွေးစင် အသင်းအတွက် ၂၀၁၆ ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ (၁၁)လစာချုပ် သက်တမ်း ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။