အဝေးကွင်းတွင် ဂိုးမိုးရွာခဲ့သည့် ရှမ်းယူနိုက်တက်
January 27, 2016မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဂျာမနီနိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ မီရိုဆလပ် စာချုပ်ချုပ်ဆို
January 27, 2016ဟံသာဝတီယူနိုက်တက်အသင်းနှင့် ၂၀၁၅ ချန်ပီယံ ရန်ကုန်အသင်းတို့ ဇန်နဝါရီလ(၁၇)ရက်နေ့ ညနေ (၄)နာရီတွင် သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဟံသာဝတီက ရန်ုကုန်ကို (၂-၁)ဂိုးဖြင့် အနိုင်ရခဲ့သည်။
ရန်ကုန်အသင်းအနေဖြင့် ပြီးခဲ့သည့်အဖွင့်ပွဲတွင် မကွေးနှင့် ယှဉ်ပြိုင်ရာ အရှုံးနှင့်ရင်ဆိုင်ခဲ့ရပြီး ထပ်မံ၍ ဒုတိယအကြိမ်မြောက်အရှုံးနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ဟံသာဝတီမှာ ပွဲစတင်ချိန်မှစ၍ တိုက်စစ်အရှိန်မြှင့်ကစားခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၃၆)မိနစ် တွင် ကျောနံပါတ်(၁၁) မောင်မောင်လွင်မှ သွင်းယူပေးခဲ့သည်။
ဟံသာဝတီအသင်း၏ ယနေ့ကစားပုံမှာ အချိတ်အဆက်မိပြီး ဂိုးသွင်းနိုင်ခွင့်များစွာ ရရှိခဲ့သည်။ ရန်ကုန်အသင်းမှာမူ ဂိုးသွင်းခွင့်များ ရရှိ ခဲ့သော်လည်း ဟံသာဝတီ နောက်တန်းကို သိသိသာသာ ထိုးဖောက်နိုင်ခြင်းမရှိသည့် အတွက် အသင်းအတွက်ဂိုး မရရှိခဲ့ပေ။ ပွဲချိန် (၈၁)မိနစ်အရောက်တွင် ရန်ကုန်အတွက် ချေပဂိုးကို နောက်တန်းလူ ကျောနံပတ်(၃) ဇော်မင်းထွန်းမှ သွင်းယူပေးခဲ့သည်။ သို့သော် ရန်ကုန်အသင်း အနေဖြင့် ဟံသာဝတီ၏ ထိုးဖောက်တိုက်စစ်ဆင်မှုကို ဆက်တိုက်ခံရပြီး ပွဲချိန် (၈၇)မိနစ်တွင် ဟံသာဝတီအသင်းမှ နံပါတ်(၁၁) မောင်မောင်လွင် ဖြတ်တင်ဘောကို ကျောနံပါတ် (၃) အောင်ဇော်၏ အပိုင်ကန်သွင်း ခြင်းခံရပြီး ရန်ကုန်အသင်း ဒုတိယဂိုး ထပ်မံပေးခဲ့ရသည်။ ထပ်ဆောင်းအချိန်ပို (၆)မိနစ်တွင် ခြေပဂိုးရရှိရေးအတွက် လက်ရှိချန်ပီယံ ရန်ကုန်အသင်း ကြိုးပမ်းခဲ့သော်လည်း ယနေ့ပွဲတွင် ပုံစံကောင်းများ ရှိနေသည့် ဟံသာဝတီနောက်တန်းကို မကျော်လွန်နိုင်ခဲ့ဘဲ ရာသီအစ နှစ်ပွဲဆက်အား အရှုံးများဖြင့် ရင် ဆိုင်ခဲ့ရသည်။
“ကျွန်တော်တို့ အသင်းရဲ့ရှေ့တန်းကစားသမား အက်ဒီဆင်အနေနဲ့ အပိုင်ဂိုးသွင်းခွင့် (၅)ကြိမ်တိုင်တိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ဂိုးလုံး၀ မရရှိခဲ့ပါဘူး။ အဓိကကစားသမားတွေ ဒဏ်ရာရနေတာက အဓိကပြဿနာဖြစ်နေပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ နောက်ပွဲတွေမှာ အနိုင်ရအောင် ကန်သွားမှာပါ” ဟု ရန်ကုန်အသင်းမှ နည်းပြချုပ် မာဂျန်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဟံသာဝတီ အသင်း နည်းပြချုပ် ဦးငွေထွန်းမှလည်း ” ခုပွဲဟာ လွယ်လွယ်နဲ့အနိုင်ရခဲ့တာတော့ မဟုတ်ပါဘူး။ နှစ်ဆကြိုးစား ခဲ့ရတာပါ၊ နောက်ပွဲ များမှာလည်း အကောင်းဆုံးကြိုးစားသွားမှာပါ” ဟုပြောကြားခဲ့သည်။