၂၉-၁-၂၀၁၆ ဧရာဝတီ – ရန်ကုန် (ညနေ ၃း၃၀) ပုသိမ်
ဒီနှစ်သင်းစလုံးက နိုင်ငံ့ကိုယ်စားပြုပြီး ACL/AFC Cup ပြိုင်ပွဲတွေ ဝင်ပြိုင်ကြမယ့် အသင်းတွေပါ။ ဒါပေမယ့် နှစ်သင်းစလုံးက လက်ရှိအချိန်မှာ ရလဒ်အနေအထား မကောင်းကြပါဘူး။ ဧရာဝတီအသင်းက ပြီးခဲ့တဲ့တစ်ပတ်မှာ ဟံသာဝတီကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့လို့ အိမ်ကွင်းပရိသတ်တွေရဲ့ အားမရ ဖြစ်ခဲ့ပါတယ်။ ဧရာဝတီနဲ့ ကစားမယ့် လက်ရှိချန်ပီယံရန်ကုန်ကလည်း ပြီးခဲ့တဲ့ တစ်ပတ်ကမှ ရမှတ် တစ်မှတ်ပဲ စရထားပါသေးတယ်။ ၂၀၁၆ ကွင်းဖွင့်ဖလားပြိုင်ပွဲမှာ ရန်ကုန်အသင်းက ဧရာဝတီအသင်းကို အနိုင်ရခဲ့ပြီး ၂၀၁၅ ထိပ်တိုက်တွေ့ဆုံမှုတွေကိုကြည့်ရင် ဧရာဝတီအိမ်ကွင်းမှာ နှစ်ဂိုးစီ သရေ၊ ရန်ကုန်ကွင်းမှာ ရန်ကုန်အသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။ နှစ်သင်းစလုံးက အမှတ်တွေ လိုနေတာဖြစ်လို့ ဒီပွဲမှာ သရေတစ်မှတ်စီ ခွဲယူမယ်တော့ မထင်ပါဘူး။ နောက်ပြီး ရန်ကုန်နည်းပြ မာယန်က အသင်းဟောင်းဧရာဝတီအသင်းကို ပြန်လည်ရင်ဆိုင်ရမှာဖြစ်လို့ အဲဒီအချက် ကလည်း ဒီပွဲအပေါ် စိတ်ဝင်စားဖို့ အရမ်းကောင်းနေပါတယ်။
၃၀-၁-၂၀၁၆ ရတနာပုံ – ရခိုင်ယူနိုက်တက် (ညနေ ၄း၀၀) ဗထူး
သုံးပွဲကစားထားအပြီးမှာ အမှတ်ပေးဇယားထိပ်ဆုံးကနေ ဦးဆောင်ထားတဲ့ ရတနာပုံအသင်းရဲ့ ခြေစွမ်းက တည်ငြိမ်မှု သိပ်မ ရှိသေးပေ မယ့် သူတို့အသင်းမှာ ပွဲရဲ့ အဖြေကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားကောင်းတွေ အများကြီးရှိနေပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာ ဇွဲကပင် အသင်းကို ရှုံးခဲ့တဲ့ ရခိုင်ယူနိုက်တက်အသင်းရဲ့ ပြဿ နာကြည့်မယ်ဆိုရင် တိုက်စစ်ပိုင်းမှာ အဆုံးသတ်သေချာတဲ့ တိုက်စစ်ကောင်း တစ်ယောက် လိုအပ်နေပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ မှာ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေကိုကြည့်ရင် ရတနာပုံအသင်း ကပဲ နှစ်ကျော့စလုံး အသာရထားပါတယ်။ ဒီတော့ အိမ်ရှင်ရတနာပုံပဲ အိမ်ကွင်း ပရိသတ်ရှေ့မှာ အောင်ပွဲခံ သွားမလား…၊ ရခိုင်ယူနိုက်တက်အသင်းကပဲ စိတ်ဝင်စားဖို့ကောင်းအောင် လုပ်ပြသွားနိုင်မလားဆိုတာ ဇန်နဝါရီ ၂၉ ရက်၊ ဗထူးကွင်းထဲမှာ အဖြေပေါ်မှာ ဖြစ်ပါတယ်။
၃၀-၁-၂၀၁၆ ချင်းယူနိုက်တက် – ဟံသာဝတီ (ညနေ ၄း၀၀) သုဝဏ္ဏ
ချင်းယူနိုက်တက်အသင်းက လိဂ်ပြိုင်ပွဲအစမှာ ပြည်ပကစားသမားနဲ့ ပြည်တွင်းကစားသမား အထိုင်သိပ်မကျတဲ့ ပုံစံမျိုးဖြစ်ခဲ့ပေမယ့် တစ်ပွဲ ထက် တစ်ပွဲ အထိုင် ကျလာပြီး ပိုကောင်းလာတာတွေ့ရပါတယ်။ ချင်းအသင်းနဲ့ ကစားမယ့် ဟံသာဝတီအသင်းကတော့ ဒီနှစ်မြန်မာနေရှင်နယ်လိဂ်မှာ စိတ်ဝင်စားဖို့ အကောင်းဆုံး အသင်းတစ်သင်းပါ။ လက်ရှိချန်ပီယံ ရန်ကုန်ကို အနိုင်၊ ရှုံးထွက် ချန်ပီယံ ဧရာဝတီအသင်းတို့ကို အနိုင်ကစားထားတဲ့ ဟံသာဝတီအသင်းရဲ့ ခြေစွမ်းက တည်ငြိမ်မှုအရှိဆုံး အသင်းပါပဲ။ အရှိန်ရနေတဲ့ ဟံသာဝတီအသင်းကို ချင်းယူနိုက်တက်အသင်း ရပ်တန့်နိုင်မလား၊ ဟံသာဝတီအသင်းကပဲ ချင်းနဲ့ပွဲမှာ အရှိန် ဆက်ရသွား မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။
၃၀-၁-၂၀၁၆ ဇွဲကပင် – ဆောက်သမ်း (ညနေ ၄း၀၀) အောင်ဆန်း
ဇွဲကပင်အသင်းက ကစားခဲ့တဲ့ သုံးပွဲမှာ နှစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံး ရလဒ်ရထားပါတယ်။ ဒီရလဒ်က အရမ်းကောင်းတဲ့ ရလဒ်မျိုးမဟုတ် ရင်တောင် ကျေနပ်စရာ ကောင်းတဲ့ ရလဒ်ပါ။ နောက်ဆုံးကစားခဲ့တဲ့ ရခိုင်ယူနိုက်တက်အသင်းနဲ့ပွဲမှာ ဘယ်ကစားသမားကို ဘယ်လို အချိန်မျိုးမှာ ထုတ်သုံးရမလဲဆိုတဲ့ နည်းပြအဖွဲ့အင်အား ကောင်းကောင်းလည်း ဇွဲကပင်အသင်းမှာ ရှိနေပါတယ်။ ပြည်တွင်း ကစား သမားတွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ ဆောက်သမ်းအသင်းက သုံးပွဲ ကစား သုံးပွဲ ရှုံး ပေးဂိုးက ကိုးဂိုးအထိ ပေးထားရ တယ်။ ဆောက်သမ်း အသင်းရဲ့ အဆိုးရွားဆုံးအချက်တစ်ချက်က တိုက်စစ်ပိုင်းက သုံးပွဲမှာ တစ်ဂိုးပဲ ရထားတယ်။ ဒီအချက်က ဆောက်သမ်း အသင်း ပြင်ဆင်ရမယ့် အဓိကအချက်ပါပဲ။ ဒီနှစ်သင်းရဲ့ လက်ရှိအနေအထားကို ပြောပြီးပြီဆိုတော့ ဒီပွဲမှာ ဘယ်လိုရလဒ်မျိုး ထွက်လာ မလဲဆိုတာ ကိုယ်တိုင် ခန့်မှန်းကြည့်ပါဦး။
၃၁-၁-၂၀၁၆ ဇေယျာရွှေမြေ – ရှမ်းယူနိုက်တက် (ညနေ ၃း၃၀) မုံရွာ
ဧရာဝတီနဲ့ ရန်ကုန်အသင်းပွဲပြီးရင် ဇေယျာရွှေမြေနဲ့ ရှမ်းယူနိုက်တက်အသင်းတို့ရဲ့ ပွဲကလည်း အရမ်းကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီနှစ်သင်းစလုံးက သုံးပွဲ ကစားပြီးချိန်မှာ နှစ်သင်းစလုံး ရှုံးပွဲ မရှိသေးပါဘူး။ အိမ်ရှင်ဇေယျာရွှေမြေအသင်းက အိမ်ကွင်းပထမပွဲမှာ ရခိုင်အသင်းကို အနိုင်မရခဲ့ပါဘူး။ အိမ်ကွင်း ဒုတိယပွဲမှာ ရှမ်းယူနိုက်တက်ကို အနိုင်ရအောင် ကစားနိုင်မလား..စိတ်ဝင်စားစရာပါ။ ပြီးခဲ့တဲ့တစ်ပတ် ရန်ကုန်နဲ့ပွဲမှာ ရှမ်းယူနိုက်တက်အသင်း ပုံစံကောင်း မရခဲ့ပေမယ့် သူတို့အသင်းမှာ စိတ်ဓာတ်ကောင်း၊ ကြိုးစား မှုကောင်းတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ရှုံးပွဲမရှိသေးတဲ့ ဒီနှစ်သင်း ဘယ်အသင်းကစပြီး ရှုံးပွဲ ကြုံသွားမှာလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။
၃၁-၁-၂၀၁၆ Horizon – မကွေး (ညနေ ၄း၀၀) သုဝဏ္ဏ
Horizon အသင်းက ဒီနှစ်မှာ နေရှင်နယ်လိဂ်ကို ပထမဆုံး တန်းတက်ကစားနိုင်တဲ့ အသင်းဆိုပေမယ့် နေရှင်နယ်လိဂ် ကလပ် အသင်းတွေနဲ့ တန်းတူ၊ နင်လား..ငါလား ကစားနိုင်တဲ့အသင်းပါ။ ပြီးခဲ့တဲ့ တစ်ပတ်မှာ ချင်းယူနိုက်တက်အသင်းကို ရှုံးခဲ့တဲ့ မကွေးအသင်းရဲ့ ခြေချော်မှုက သူတို့အသင်းရဲ့ ခြေစွမ်းအပေါ် သံသယဖြစ်စရာပါပဲ။ နောက်ပြီး မကွေးအသင်းက နေရှင်နယ်လိဂ်မှာ အသင်းကြီးတွေကို ဒုက္ခပေးနိုင်တဲ့အသင်းဆိုပေမယ့် အသင်းငယ်တွေနဲ့ တွေ့ရင် မထင်မှတ်ဘဲ ရုန်းကန်ရတတ်တာ မကွေးအသင်းရဲ့ အစဉ်အလာ တစ်ခုလိုဖြစ်နေပါတယ်။ ဒီအစဉ်အလာကို မကွေးတို့ ဒီနှစ် ၂၀၁၆ ပြိုင်ပွဲမှာ ခြေဖျက်ပြဖို့ အစီအစဉ်ရှိ၊ မရှိဆိုတာ ဇန်နဝါရီ ၃၁ ရက်၊ သုဝဏ္ဏကွင်းထဲမှာ အဖြေပေါ်တော့မှပါ။