Ooredoo MNL 2016 week 2 နောက်ဆုံးပွဲ စဉ်အဖြစ် မကွေးအသင်းနှင့် ဧရာဝတီ အသင်းတို့ ဇန်နဝါရီ ၁၈ ရက်က အောင်ဆန်း ကွင်းတွင် ကစားခဲ့ ပြီး မကွေး အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရ ခဲ့သည်။
မကွေးအသင်းသည် ဧရာဝတီ အသင်းကို အနိုင်ရရှိခဲ့ သောကြောင့် နှစ်ပွဲ ကစားပြီး နှစ်ပွဲ နိုင် ရမှတ် ခြောက်မှတ်ဖြင့် အမှတ်ပေးဇယား ကို ဦးဆောင် နိုင်ခဲ့ သည်။ မကွေးအသင်းနှင့် ဧရာဝတီအသင်းတို့ပွဲတွင် မကွေး အသင်းက ၁၅ မိနစ်အတွင်း သုံဂိုးသွင်းနိုင်ခဲ့ သည်။ မကွေး အသင်းအတွက် ပထမဂိုးကို ပွဲချိန် ၃ မိနစ်တွင် ဆီလာမှ ခေါင်းတိုက်သွင်းပေးခဲ့ပြီး ဒုတိယ ဂိုးကို ကွင်းလယ်ကစားသမား ဆက်ဖြိုးဝေက ပွဲချိန် ၁၃ မိနစ်တွင် ရှေ့ထွက်နေသည့် ဧရာဝတီ ဂိုးသမားကို ကျော်ကာ သွင်းခဲ့ခြင်းဖြစ်သည်။ ဒုတိယဂိုးရရှိ ပြီး နှစ်မိနစ် အကြာတွင် တိုက်စစ်မှူး ဆီလာက မကွေး အသင်းအတွက် တတိယဂိုးကို သွင်းပေးခဲ့သည်။ ပွဲချိန် ၃၄ မိနစ်တွင် လူစားဝင်ရောက် လာသည့် ဧရာဝတီ ကွင်းလယ် ကစားသမား အောင်ကျော်နိုင်၏ ပေးပို့မှုမှ တစ်ဆင့် တိုက်စစ်မှူး ခရစ္စတိုဖာက ချေပဂိုးသွင်းပေးခဲ့သည်။
ဒုတိယပိုင်းတွင် ဧရာဝတီ အသင်း ကစားပုံကောင်း မွန်လာပြီး ပွဲချိန် ၈၈ မိနစ်တွင် ခရစ္စတိုဖာက အလွတ် တည်ကန်ဘောမှ ဒုတိယ ချေပဂိုး သွင်းပေး ခဲ့သည်။ သို့သော် ဧရာဝတီ အသင်းသည် အမှတ်ရရှိ ရန် ထပ်မံချေပဂိုး မသွင်းယူနိုင်ခဲ့သည့်အတွက် မကွေး အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ မကွေး အသင်းကို ရှုံးခဲ့သည့် ဧရာဝတီ အသင်းသည် အဖွင့်ပွဲတွင်လည်း ရတနာပုံ အသင်းကို အဝေးကွင်း တွင် ၂-၁ ဂိုးဖြင့် ရှုံးထားသည်။ မကွေး အသင်းမှာ အဖွင့်ပွဲတွင် လက်ရှိ ချန်ပီယံ ရန်ကုန် အသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရ ထားပြီး ဧရာဝတီအသင်းကို ထပ်မံ အနိုင်ရခြင်း ဖြစ်သည်။