မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လေ့ကျင့်ရေးအစီအစဉ်စတင်
February 4, 2016ရှမ်း ယူနိုက်တက်ကို အနိုင်ယူကာ အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲရခဲ့တဲ့ ဧရာဝတီ
February 8, 2016သုဝဏ္ဏ အားကစားကွင်းကြီး အတွင်းရှိ ပွဲကြည့်စင်များပေါ်မှ ဆိုးသွမ်း ပရိသတ် အချို့ကြောင့် လစ်လပ်လျှက် ရှိသည့် ထိုင်ခုံများ နေရာတွင် ယခုအခါ ခုံအသစ်များကို ဖြည့်တင်း တပ်ဆင်လျှက် ရှိသည်။
ကွင်းအတွင်း အရုပ်ဆိုးလှသည့် ထိုင်ခုံအပေါက်များကို လက်ရွေးစင် အသင်းတစ်သင်း၏ လေ့ကျင့်ခန်း အစီအစဉ်၌ တွေ့ရစဉ်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ဆိုးသွမ်းပရိသတ် အချို့၏ အပြုအမူ များကြောင့် ဖီဖာနှင့် အာရှ ဘောလုံးအဖွဲ့ချုပ် တို့၏ ပြစ်ဒဏ်ချမှတ် မှုများကို လွန်ခဲ့သည့် နှစ်များ အတွင်း မကြာခဏ ခံခဲ့ရပြီး နောက်ဆုံး ချမှတ်ထားခဲ့သည့် ပြစ်ဒဏ်မှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းက ကျင်းပခဲ့သည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အတွင်း ပရိသတ် တစ်ဦး ကွင်းအတွင်း ဝင်ရောက် ခဲ့သောကြောင့် အာရှ ဘောလုံး အဖွဲ့ချုပ်မှ ဒဏ်ငွေအဖြစ် ဒေါ်လာ ၂၅၅၀၀ နှင့် တစ်ပွဲပယ် ပြစ်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အဆိုပါ ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခြင်း မရှိအောင် ပြိုင်ပွဲတိုင်းတွင် ပရိသတ်များအား ပညာပေး စည်းရုံးမှုများ ပြုလုပ်လျှက် ရှိသည်။
ဆိုးသွမ်း ပရိသတ် အချို့ကြောင့် ပြန်လည် ဖြည့်တင်း တပ်ဆင်မှု ပြုလုပ်ခဲ့သည့် ခုံအရေအတွက်မှာ ၂၆၅ ခုံဖြစ်ပြီး ပွဲကြည့်စင်များ ေ ပါ်တွင် တပ်ဆင်ထားသည့် ခုံများ အနက်မှ ပျက်စီးနေသည့် ထိုင်ခုံများကိုလည်း အသစ် တပ်ဆင်သွားမည် ဖြစ်ကြောင်း သိရသည်။
======================================================================================
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် မြန်မာ့ဘောလုံး တိုးတက်မြင့်မား လာရေးအတွက် နိုင်ငံတကာ ပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး မိမိနိုင်ငံ မိမိမြေပေါ်တွင် ပရိသတ်ကြည့်ရှု့အားပေးခွင့် ရရှိရန်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိရာ အရေအတွက် အနည်းငယ်သော ပရိသတ်အချို့၏ မလိုလားအပ်သော အပြုအမှုများကြောင့် တိုင်းပြည်ဂုဏ်သိက္ခာ ထိခိုက်နစ်နာခဲ့ရမှုများ ပေါ်ပေါက်ခဲ့ရသည်။ နောင်ကျင်းပသည့် နိုင်ငံတကာပြိုင်ပွဲ (ဥပမာ-ဆူဇီကီးဖလား ၂၀၁၆) ပြိုင်ပွဲများတွင် ယခုကဲ့သို့ AFC နှင့် FIFA တို့မှအရေးယူခြင်း မခံရစေရန်၊ စည်းကမ်းပြည့်ဝ၍ နိုင်ငံတကာက လေးစား ရသော ပရိသတ်များ ဖြစ်လာစေရန် ပရိသတ်များအားလုံး အချင်းချင်း အသိပညာ ပေးခြင်းဖြင့် မြန်မာ့ ဘောလုံး အနာဂတ်အတွက် ပါဝင်ကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်