ရှမ်း ယူနိုက်တက်ကို အနိုင်ယူကာ အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲရခဲ့တဲ့ ဧရာဝတီ
February 8, 2016Horizon ကို ဂိုးပြတ် အနိုင်ရကာ ရတနာပုံကို ဆက်လက် ဖိအားပေးသည့် ဟံသာဝတီ
February 8, 2016ဖေဖော်ဝါရီလ (၆)ရက်နေ့ ညနေ (၄)နာရီတွင် သုဝဏ္ဏကွင်း၌ ဆောက်သမ်းမြန်မာနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားကြခဲ့ရာ ရတနာပုံ အသင်းက ဆောက်သမ်း မြန်မာကို (၃-ဝ)ဂိုးဖြင့် အနိုင်ယူခဲ့သည်။
ပထမပိုင်းပွဲချိန် စတင်ချိန်တွင် ဆောက်သမ်းမြန်မာ အသင်းအနေဖြင့် ဂိုးသွင်းနိုင်ခွင့်များ ရရှိခဲ့သော်လည်း ရတနာပုံအသင်း၏ တိုက်စစ်ကို သေချာကာကွယ်နိုင်ခြင်း မရှိသည့် အတွက် ပွဲချိန်(၉)မိနစ်မှာပင် ရတနာပုံကို အဖွင့်ဂိုး ပေးလိုက်ရသည်။ ၎င်းအဖွင့်ဂိုး ကို ကျောနံပါတ်(၂) ဝီလျံက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းပွဲချန်တွင် ရတနာပုံ အသင်းသည် ဆောက်သမ်းမြန်မာကို ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ဆောက်သမ်း၏ နောက်တန်း ကို ထိထိရောက်ရောက် ထိုးဖောက်၍ ဂိုးသွင်းနိုင်ခြင်းတော့ မရရှိပေ။ သို့သော် ပွဲချိန် (၄၂)မိနစ်တွင် ရတနာပုံအသင်း ကျောနံပါတ်(၂၂) ကိတ်မှ ပင်နယ်တီ ကန်ခွင့်ရခဲ့ပြီး အသင်းအတွက် ဒုတိယဂိုးကို ထပ်မံသွင်းယူပေးခဲ့သည်။ ပွဲချိန် ဒုတိယပိုင်းတွင် ရတနာပုံအသင်း အနေဖြင့် ဆောက်သမ်း မြန်မာအသင်းကို အသာစီးရရှိနေပြီး ပွဲချိန်(၅၃)မိနစ် အရောက်တွင် ကျောနံပါတ်(၂၂) ကိတ်မှပင် တတိယ မြောက်ဂိုးကို သွင်းယူ ပေးခဲ့သည်။ ထို့နောက် နောက်ဆုံး ပွဲချိန်အထိ အသင်းနှစ်သင်းစလုံး ဂိုးထပ်မံ သွင်းနိုင်ခြင်း မရှိတော့ပဲ ရတနာပုံ အသင်းမှ (၃-ဝ)ဖြင့် ဆောက်သမ်းမြန်မာ အသင်းကို အနိုင်ယူခဲ့သည်။
” ကျွန်တော့အနေနဲ့ အခုလိုရှုံးခဲ့ပေမဲ့ ကျွန်တော်တို့အသင်း ကစားသမားတွေကို ချီးကျူးပါတယ်။ အသင်းက ကစားသမားတွေဟာ အရည်အချင်းရှိပေမဲ့ ဆုံးဖြတ်ချက်ချတာတွေမှာ လိုအပ်ချက်လေးတွေတော့ ရှိသေးပါတယ်။ ဒုတိယအကျော့ ပွဲစဉ်တွေပြန်စတဲ့ အခါကျရင်တော့ နိုင်ငံခြားသားကစားသမားတွေခေါ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါလည်း အသင်းအုပ်ချုပ်သူတွေ ဘယ်လိုစီစဉ်ထားလည်း ဆိုတာ အတိအကျတော့ မရှိသေးပါဘူး” ဟု ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် ဆောက်သမ်းမြန်မာအသင်း နည်းပြချုပ် ဦးမြလွင်က ယခုလို ပြောကြား ထားသည်။ ရတနာပုံအသင်း နည်းပြချုပ် ရီနီမှလည်း “ကျွန်တော်တို့ အတွက် အခုပွဲဟာ အနိုင်ပွဲဖြစ်ပေမဲ့ လွယ်လွယ် ကူကူအနိုင်ရခဲ့တဲ့ ပွဲတော့မဟုတ်ပါဘူး။ ဂိုးသွင်းနိုင်ခွင့်တွေ အရမ်းနည်းပါတယ်။ ဆောက်သမ်း ဂိုးသမားအနေနဲ့ ကျွန်တော်တို့ဘက်က သွင်းဂိုးတွေကို ကောင်းကောင်း ကာကွယ်ခဲ့တာတွေကြောင့်ပါ” ဟုပြောကြားခဲ့သည်။ ထို့ပြင် နောက် ပွဲစဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်လို ရလဒ်တွေ မှန်းထားလဲဆိုတဲ့ သတင်းမီဒီယာမေးခွန်းကို ” ဘောလုံးကန်တယ်ဆိုတာ အနိုင်အရှုံး မှန်းရခက်ပါတယ်။ အခုပွဲစဉ်တွေရဲ့ ရလဒ်တွေကို ကြည့်မယ်ဆိုရင် ဘယ်အသင်းကိုမှ အထင်သေးလို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ပြိုင်ပွဲတိုင်းကို အနိုင်ရ ဖို့ဆိုတဲ့ စိတ်ဓာတ်နဲ့ အကောင်းဆုံးကစားသွားမှာပါ” ဟု ဖြေကြားခဲ့သည်။