သုဝဏ္ဏကွင်းကြီးအတွင်း လစ်လပ်လျှက် ရှိသည့် ခုံများကို ပြန်လည်တပ်ဆင်
February 7, 2016ရတနာပုံအသင်း ဆောက်သမ်းမြန်မာအသင်းကို ဂိုးပြတ်အနိုင်ကစား
February 8, 2016Ooredoo MNL 2016 Week-5 ပွဲစဉ်တစ်ပွဲအဖြစ် ဧရာဝတီယူနိုက်တက် နှင့် ရှမ်းယူနိုက်တက် တို့ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလ ၆ရက်နေ့က အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး ဧရာဝတီအသင်းက ဒုတိယပိုင်းတွင်သီဟဇော်၊အောင်ကျော်ထွေး တို့၏ သွင်းဂိုးများဖြင့် အနိုင်ယူကာ အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲရရှိခဲ့သည်။
ဧရာဝတီအသင်းသည် အိမ်ကွင်းတွင် အနိုင်ရရှိရေးအတွက် လူစာရင်းအပြည့်ဖြင့် ပွဲထွက်လာခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက အီရန်တိုက်စစ်မှူး ဘိရှပ်ကို ပွဲထွက်လူစာရင်းတွင်ချန်လှပ်ထားပြီး အလီကာမာရာ၊ ပက်ထရစ်၊ နေလင်းထွန်း၊ ဟိန်းသီဟဇော်၊ ဂက်စတာဗို၊ သီဟစည်သူ စသည့် အဓိက ကစားသမား စုံစုံလင်လင်ဖြင့် ပွဲထွက်လာခဲ့သည်။
ဂိုးမရှိသရေနဲ့ ပထမပိုင်း
ပထမပိုင်းတွင် ဧည့်သည်အသင်း ကစားကွက်ကာင်းမွန်ခြင်း မရှိခဲ့ဘဲ ဧရာဝတီအသင်း အပိုင်ကန် သွင်းခွင့် လေးကြိမ်ခန့် ပြုလုပ်နိုင် ခဲ့ သော်လည်း ဂိုးသမား သီဟစည်သူ အကောင်းဆုံးပုံစံတွင် ရှိနေသည့်အတွက် ပထမပိုင်းအပြီး ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ် ခဲ့သည်။
ဂိုးပေါက် ရှာတွေ့သွားတဲ့ အိမ်ရှင်
ဒုတိယပိုင်းတွင် ဧရာဝတီအသင်း တိုက်စစ်ဆင်မှုများ ပိုမိုများပြားလာပြီး ၅၂မိနစ်တွင် ခရစ်စတိုဖာ ညာတောင်ပံမှ ကမ္ဘောဇကစားသမား သုံးဦးခန့်ကို ကျော်ဖြတ် လာပြီး ဂိုးဧရိယာအတွင်းထိုးပေးသည့် ဘောလုံးကို သီဟဇော် အပိုင်ကန်သွင်းကာ ဧရာဝတီအသင်း အဖွင့်ဂိုးရရှိခဲ့သည်။ အဖွင့်ဂိုးရပြီးမကြာမီ ၆၅မိနစ် တွင် အောင်ကျော်နိုင် တစ်ကိုယ်တော် ထိုးဖောက် တိုက်စစ်ဆင်ကာ ဂိုးသမားနှင့် တစ်ဦးချင်းအတွေ့ အသာအယာ ကန်သွင်းကာ ဧရာဝတီအသင်းအတွက် ဒုတိယဂိုး သွင်းယူ ပေးခဲ့သည်။
အနီကတ်တွေနဲ့ ရုန်းရင်းဆန်ခတ်
နှစ်ဂိုးခွင့်ပြုပြီးနောက် ရှမ်းယူနိုက်တက် ပြန်လည်ထိုးဖောက်မှုများရှိခဲ့ကာ ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး ပွဲချိန် ၇၆မိနစ်တွင် ဧရာဝတီ အသင်းခေါင်းဆောင် မင်းမင်းသူ နှင့် ရှမ်းယူနိုက်တက်မှလူစားဝင်တိုက်စစ်မှူး ဘိရှပ်တို့ ထိခိုက်မိပြီး အနည်းငယ် ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ပြီး ဒိုင်လူကြီးက ဘိရှပ် နှင့် ကျော်ဇေယျာဝင်း တို့ကို တိုက်ရိုက်အနီပြသခဲ့ပြီး ဧရာဝတီနောက်ခံလူ ဟန်ဆန်ကို အဝါကဒ်ပြသကာ ပွဲကိုထိန်းသိမ်းခဲ့သည်။ ရှမ်းယူနိုက်တက် အသင်း ချေပဂိုး ပြန်လည် သွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပွဲပြီးချိန်တွင် ဧရာဝတီ အသင်းက အိမ်ရှင်ပရိသတ်အတွက် အနိုင် ၃မှတ်ရယူပေးနိုင်ခဲ့သည်။