အရှိန်ရနေတဲ့ ရတနာပုံအသင်းကို ဇေယျာရွှေမြေတို့ ဟန့်တားနိုင်မလား Ooredoo MNL 2016 (Week 6) ပွဲစဉ်များ
February 10, 2016အိမ်ကွင်းတွင် နိုင်ပွဲဆက်ပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်သည့် ရတနာပုံ
February 16, 2016Ooredoo MNL II 2016 အမှတ်ပေးဘောလုံးပြိုင်ပွဲ လေးပွဲစီ ကစားပြီးချိန်တွင် အမှတ်ပေးဇယားအား ရှမ်းပြည် နယ်၊ မြောက်ပိုင်းကိုယ်စားပြုထားသည့် မောရဝတီအသင်းမှ ဦးဆောင်နေသည်။မောရဝတီအက်ဖ်စီအသင်းသည် ပွဲစဉ် လေးပွဲကစားအပြီးတွင် လေးပွဲစလုံး အနိုင်ရရှိထားပြီး ရမှတ် ၁၂ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည်။ အမှတ်ပေးဇယား ဒုတိယနှင့် တတိယနေရာများတွင် နေပြည်တော်အသင်းနှင့် မနောမြေအသင်းတို့က ရမှတ် ၁၀ မှတ်စီဖြင့် ရပ်တည်နေသည်။ အလားတူ အဆင့် ၄၊ ၅၊ ၆ နေရာများတွင် မြဝတီအက်ဖ်စီ၊ GFA FC နှင့် တက္ကသိုလ်လက်ရွေး စင်အသင်းများက ရမှတ် ခုနစ်မှတ်စီဖြင့် အသီးသီးရပ်တည်နေကြသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅၊ ၆ ရက်များတွင် ကစားခဲ့သည့် week 4 ပွဲစဉ်များတွင် မောရဝတီအသင်းက သန်လျင်အသင်းကို ၁-၀ ဂိုး၊ မြဝတီအသင်းက ငွေကြယ်ပွင့်အသင်းကို ၅-၀ ဂိုး၊ တက္ကသိုလ် လက်ရွေး စင်အသင်းက ဖုန်ဂန်အသင်းကို ၂-၀ ဂိုး၊ မနောမြေအသင်းက ဒဂုံအက်ဖ်စီအသင်းကို ၁-၀ ဂိုး၊ GFA အသင်းက စီးတီးစတားကို ၁-၀ ဂိုး တို့ဖြင့် အနိုင်ရခဲ့ပြီး နေပြည်တော်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ပွဲစဉ်တွင် ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့သည်။ Ooredoo MNL II 2016 week 5 ပွဲစဉ်များကို လာမည့် ဖေဖော်ဝါရီ ၁၂၊ ၁၃ ရက်များတွင် သုဝဏ္ဏ၊ အောင်ဆန်း၊ ပဒုမ္မာ၊ စလင်းကွင်းတို့၌ ဆက်လက် ကစားမည်ဖြစ်ပြီး ငွေကြယ်ပွင့် အသင်းနှင့် မောရဝတီအသင်း၊ မနောမြေအသင်းနှင့် ဖုန်ဂန်အသင်း၊ တက္ကသိုလ်လက်ရွေးစင်အသင်းနှင့် စီးတီးစတားအသင်း၊ မြဝတီအက်ဖ်စီအသင်းနှင့် ဒဂုံအက်ဖ်စီအသင်း၊ ယူနိုက်တက်သန်လျင်အသင်းနှင့် နေပြည်တော်အသင်း၊ မဟာ ယူနိုက်တက်အသင်းနှင့် GFA အသင်းတို့ ကစားကြမည်ဖြစ်သည်။
Ooredoo MNL II 2016 (week 5) ရလဒ်များ
Silver Stars 0-5 Myawady
Mawyawady 1-0 Utd Thanlyin
Pong Gan 0-2 University
Dagon FC 0-1 Manaw Myay
Nay Pyi Taw 0-0 Mahar Utd
City Stars 0-1 GFA FC