
သုဝဏ္ဏကွင်းမှာ မကွေးကို သရေကစားနိုင်ခဲ့တဲ့ ဆောက်သမ်းမြန်မာ
February 16, 2016
ရတနာပုံ နိုင်ပွဲရပ်တန့် ခဲ့ပြီး ရန်ကုန်၊ ဧရာဝတီတို့ နိုင်ပွဲဆက်ခဲ့သည့် OMNL ပွဲစဉ် (၇) သုံးသပ်ချက်
February 25, 2016ယနေ့ ညနေ(၂)နာရီတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် နယ်သာလန်နည်းပြဟောင်း မစ္စတာ ရော်ဂျာရိုင်နာတို့ နှစ်ဦးသဘောတူလက်မှတ်ရေးထိုးခြင်းနှင့် သတင်းစာရှင်းလင်းပွဲအခမ်းအနားကို MFF အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ လက်မှတ်ရေးထိုးရာတွင် MFF အမှုဆောင်အရာရှိချုပ်နှင့် အထွေထွေအတွင်းရေးမှူး ဦးသန်းဇော်၊ မစ္စတာ ရော်ဂျာရိုင်နာအပြင် အသိသက်သေများအဖြစ် မြန်မာနိုင်ငံအမျိုးသမီးဘောလုံးအသင်းကော်မတီ ဥက္ကဋ္ဌ ဦးလှဌေးနှင့် အမျိုးသားလက်ရွေးစင်အသင်းနည်းပြချုပ် မစ္စတာဂတ်ဆီဇီတို့က ဆောင်ရွက်ပေးခဲ့သည်။
“ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းမှာ နည်းပြချုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ကျွန်တော့အတွက် စိမ်ခေါ်မှုတစ်ခုလည်းဖြစ်သလို မြန်မာကစားသမားတွေမှာ အရည်အချင်းကောင်းတွေရှိတာကြောင့် အောင်မြင်မှုတွေရရှိမယ်လို့လည်း ယုံကြည်ထားလို့ပါ။ ဇူလိုင်လမှာကျင်းပမယ့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း အကောင်းဆုံးရလဒ်ရမယ်လို့ မေ ျှာ်လင့်ထားပါတယ်။ အဓိကပြိုင်ဘက်တွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်အသင်းတို့ကို အနိုင်ရမယ်လို့လည်း ယုံကြည်ထားပါတယ်။ အာဆီယံဒေသတွင်းမှာ မြန်မာအသင်းကို ထိပ်ဆုံးမှာ ပြန်မြင်ချင်နေတဲ့ ပရိသတ်တွေရဲ့ဆန္ဒကိုလည်း ကျွန်တော် ဖြည့်ဆည်းပေးသွားမှာပါ” ဟု မစ္စတာရိုင်နာက သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
လက်ရှိတွင် MFF အနေဖြင့် မစ္စတာရိုင်နာကို ဇူလိုင်-သြဂုတ်လအတွင်းတွင် ကျင်းပြုလုပ်မည့် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအပြီးထိသာ စာချုပ်ချုပ်ဆိုထားပြီး ၎င်းပြိုင်ပွဲတွင် ရရှိမည့် ရလဒ်ပေါ်မူတည်ပြီး စာချုပ်သက်တမ်းကို ပြန်လည်ဆန်းစစ်မည်ဖြစ်သည်။