
ရတနာပုံ နိုင်ပွဲရပ်တန့် ခဲ့ပြီး ရန်ကုန်၊ ဧရာဝတီတို့ နိုင်ပွဲဆက်ခဲ့သည့် OMNL ပွဲစဉ် (၇) သုံးသပ်ချက်
February 25, 2016
AFC ဖူဆယ်နည်းပြသင်တန်းဆင်းပွဲ ကျင်းပ
February 27, 2016မန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)အနေဖြင့်၂၀၁၉ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အသက် (၁၇)နှစ်အောက် ကမ္ဘာ့ဖလား လူငယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ပြီး အသက်(၁၄)နှစ်အောက် လူငယ်လက်ရွေးစင်အသင်းအား စတင် ဖွဲ့စည်းလေ့ကျင့်နိုင်ရန် စီစဉ်လျက်ရှိသည်။
ထို့အပြင် ယခုနှစ် ဇူလိုင်လအကုန်တွင် ဘရုူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အသက် (၁၄)နှစ်အောက် လူငယ်ဘောလုံးပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်နိုင်ရန်အတွက်ပါ ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။ ထိုကဲ့သို့ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ၂၀၁၅ ခုနှစ် ဒီဇင် ဘာလ (၂၆)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျင်းပခဲ့သော MFF U-14 Boys 100 Plus Super Cup 2015 ပြိုင်ပွဲကျင်းပခဲ့ပြီး ယင်းပြိုင်ပွဲ ဝင် ဘောလုံး အကယ်ဒမီကျောင်းများမှ ပဏာမလက်ရွေးစင်လူငယ်ကစားသမား (၅၉) ဦးအား ရွေးချယ်ထားရှိသည်။
သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ အသင်းနည်းပြ(၂)ဦး ၊ လူငယ်ကစားသမား(၅၉)ဦးအနေဖြင့် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ရန်အတွက် ၂၀၁၆ခုနှစ် မတ်လ (၁)ရက်နေ့ (၁၀:၀၀) အချိန်တွင် MFF သို့လာရောက်သတင်းပို့ရမည်ဖြစ်သည်။