
MFF Futsal League 2016 ပြိုင်ပွဲကို မတ် ၁၂ တွင် စတင်ကျင်းပမည်
March 10, 2016
MFF Spy Futsal League 2016 ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ
March 12, 2016မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်သည် ဂျပန်နိုင်ငံတွင် ကျင်းပမည့် JHENSEYS 2015 ASEAN U-14 GIRLS’ FOOTBALL FESTIVAL အာရှ အမျိုးသမီး ယူ၁၄ ဖိတ်ခေါ် ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ၁၄ အမျိုးသမီး အသင်းအား ယနေ့ ညနေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက် ပို့ဆောင် နှုတ်ဆက်ခဲ့သည်။
မြန်မာ အမျိုးသမီး ယူ-၁၄ အသင်းအား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာ ကျောင်းများမှ အရည်အချင်းရှိ ကျောင်းသူများ အားအခြေခံ ရွေးချယ် ထားခြင်း ဖြစ်သည်။ ကစားသမား အားလုံးနီးပါးမှာ ယခင်နှစ်က ကျင်းပခဲ့သည့် သက်တမ်းအလိုက် အမျိုးသမီး ပြိုင်ပွဲများမှ ကစားသမားများအား အခြေခံ ရွေးချယ်ထားခြင်းဖြစ်သည်။
မြန်မာယူ-၁၄ အမျိုးသမီးအသင်းအား အသင်းအုပ်ချုပ်သူအဖြစ် ဒေါက်တာခင်စောဦး၊ နည်းပြချုပ်အဖြစ် ဒေါ်နုနုခိုင်ဝင်းတို့မှ ဦးဆောင်၍ ကစားသမား ၁၈ ဦးဖြင့်သွားရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီး ယူ၁၄ အသင်းသည် ယင်းပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဂျပန်(အကယ်ဒမီ)၊ ဂျပန် (Azul Claro) အသင်းတို့နှင့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့အထိ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အသင်းတစ်သင်းလျှင် ငါးရက်အတွင်း လေးပွဲယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး တစ်ပွဲလျှင် ၃၅ မိနစ်နှစ်ပိုင်းစီ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။