တိုယိုတာ မဲခေါင် ချန်ပီယံရှစ် ၂၀၁၆ ပြိုင်ပွဲ နိုဝင်ဘာလတွင် စတင်မည်
March 10, 2016အာရှ ယူ၁၄ အမျိုးသမီး ပြိုင်ပွဲဝင် မြန်မာအမျိုးသမီး အသင်းအား MFF ဥက္ကဋ္ဌ ပို့ဆောင်နှုတ်ဆက်
March 10, 2016လာမည့် မတ် ၁၂ တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ-၁ တွင် ကျင်းပပြုလုပ်သွားမည့် MFF Futsal League 2016 ပွဲစဉ်များ မဲနှိုက်ရေးဆွဲခြင်း အခမ်းအနားကို ယနေ့ နေ့လည်ပိုင်းက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အရာရှိချုပ်နှင့် အထွေထွေ အတွင်းရေးမှူး ဦးသန်းဇော်၊ တွဲဘက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်၊ ဖူဆယ်ကော်မတီ ဥက္ကဌ ဦးကြည်မင်သိန်းနှင့် ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ မီဒီယာများ တက်ရောက် ခဲ့ကြသည်။
ယခုထွက်ပေါ်သည့် ပွဲစဉ် ဇယားမှာ MFF Futsal League 2016 ပြိုင်ပွဲ ပထမအကျော့ ပွဲစဉ် ဇယားသာ ဖြစ်ပြီး သင်္ကြန်အပြီး ပြန်လည် စတင်မည့် ဒုတိယအကျော့ ပွဲများ မတိုင်မီ ဒုတိယအကျော့ ပွဲစဉ်ဇယားကို ထပ်မံ ထုတ်ပြန် ပေးသွားမည် ဖြစ်သည်။
MFF Futsal League 2016 ပြိုင်ပွဲကို ပြိုင်ပွဲဝင် ကလပ်အသင်း (၇)သင်းနှင့် မြန်မာ့လက်ရွေးစင် ယူ-၁၉ ဖူဆယ် အသင်း စုစုပေါင်း အသင်း (၈)သင်း ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ပြိုင်ပွဲဝင် အသင်းများမှာ ယူ-၁၉၊ MIC ၊ Winner ၊ ရန်ကုန် စီးတီး၊ UPT ၊ PU ၊ VUC ၊ YZ စသည့် အသင်းများ ဖြစ်သည်။ ပြိုင်ပွဲတွင် ကလပ်အသင်းများ အနေဖြင့် နိုင်ငံခြား ကစားသမား နှစ်ဦး ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်ရာ ရန်ကုန်စီးတီး အသင်းက နိုင်ငံခြား ကစားသမား နှစ်ဦးကို ထည့်သွင်း ယှဉ်ပြိုင်မည် ဖြစ်သည်။
MFF Futsal League 2016 ပြိုင်ပွဲကို အနိုင်ရသည့် ကလပ်အသင်း အနေဖြင့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲသို့ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ပထမဆုံး အကြိမ်အဖြစ် MIC အသင်းက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး တတိယဆု ရရှိခဲ့သည်။