MFF Spy Futsal League 2016 ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ
March 12, 2016MFF Spy Futsal League 2016 ပြိုင်ပွဲ (week-2)ပွဲစဉ်များအပြီး ရပ်တည်မှု
March 15, 2016မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၆ ခုနှစ် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲအတွက် အုပ်စု မဲခွဲခြင်းကို ယနေ့မနက်ပိုင်းက အာဆီယံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေးတွင် မဲနှိုက် ရွေးချယ်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲအား မန္တလေးမြို့ရှိ မန္တလာသီရိ ဘောလုံးကွင်းတွင် လာမည့် ဇူလိုင်လ ၂၆ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး အာဆီယံမှ အိမ်ရှင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ သြစတြေးလျနှင့် (တိုင်ပေ၊ ဂျပန်၊ တောင်ကိုရီးယား တို့သုံးသင်း အနက်မှ တစ်သင်း) ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အုပ်စု ခွဲဝေမှု အရ အုပ်စု(က)တွင် ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင် တို့ပါဝင် အိမ်ရှင် မြန်မာအသင်း သည် အုပ်စု(ခ)တွင် သြစတြေးလျ၊ မလေးရှားနှင့် ဖိတ်ခေါ် အသင်းတစ်သင်း (တရုတ် တိုင်ပေ၊ ဂျပန်၊ တောင်ကိုရီးယား တို့အနက်မှ တစ်သင်း) တို့နှင့်အတူ ကျရောက်လျက်ရှိသည်။ ပွဲစဉ်ဇယား အသေးစိတ်ကို ဆက်လက် ထုတ်ပြန်ပေးသွားပါမည်။
အာဆီယံ ယူ၁၆
အလားတူ ၂၀၁၆ ခုနှစ် အာဆီယံ ယူ၁၆ လူငယ်ပြိုင်ပွဲအတွက်လည်း အုပ်စု ခွဲဝေရာ မြန်မာ ယူ၁၆ အသင်းသည် အုပ်စု (က)တွင် သြစတြေးလျ၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ စင်ကာပူ အသင်းများနှင့် အတူကျရောက်ခဲ့ပြီး အုပ်စု(ခ)တွင် အိမ်ရှင် ကမ္ဘောဒီးယားနှင့်အတူ ထိုင်း၊ လာအို၊ တီမော၊ ဘရူနိုင်း၊ အင်ဒိုနီးရှား (ယှဉ်ပြိုင်ရန် အတည်မပြုသေး) အသင်းများ ကျရောက်သွားခဲ့သည်။ အာဆီယံ ယူ၁၆ ပြိုင်ပွဲကို ယခုနှစ် ဇူလိုင် ၁၀ မှ ၂၃ ရက်နေ့အထိ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။
သဲသောင်ပြင်
အာဆီယံ သဲသောင်ပြင် ချန်ပီယံရှစ် ပြိုင်ပွဲကိုလည်း ယခုနှစ် သြဂုတ် ၅ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်နှင့်အတူ မြန်မာ၊ ထိုင်း၊ လာအို၊ မလေးရှား၊ တီမောနှင့် ပြိုင်ပွဲအဓိက စပွန်ဆာ FELDA အသင်းများ ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
မဲနှိုက်ရွေးချယ်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးသန်းဇော် နှင့် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်လျက် ရှိသည်။