အာရှ ယူ၁၄ အမျိုးသမီး ပြိုင်ပွဲဝင် မြန်မာအမျိုးသမီး အသင်းအား MFF ဥက္ကဋ္ဌ ပို့ဆောင်နှုတ်ဆက်
March 10, 2016မန္တလေးတွင် ကျင်းပမည့် အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုများ ထွက်ပေါ်~ မြန်မာအသင်း အာရှ ထိပ်သီးများနှင့် ဆုံတွေ့
March 12, 2016မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပ၍ SPY မှ ပံ့ပိုးကူညီသည့် MFF Spy Futsal League 2016 ပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၁၂ ရက် နံနက် ၈း၃၀ နာရီက ရန်ကုန်မြို့ရှိ အမျိုးသား အားကစားရုံ-၁ သုဝဏ္ဏတွင် ကျင်းပခဲ့သည်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ဖွင့်ပွဲတွင် ဥက္ကဌ ဦးဇော်ဇော်က အမှာစကား ပြောကြားရာ၌ စည်းကမ်းနှင့် အညီ ကြိုးစား ကစားကြရန် အထူး အလေးပေး မှာကြားခဲ့သည်။ ” ကစားသမားတွေသာမက၊ အသင်းအုပ်ချုပ်သူတွေပါ စိတ်ကို ထိန်းချုပ်ပြီး စည်းကမ်းနဲ့ အညီ ကစားကြပါ။ ဒါတွေဟာ နိုင်ငံတကာ ပြိုင်ပွဲတွေထိ သွားပြီး သက်ရောက် နိုင်တဲ့ အမူအကျင့်တွေ ဖြစ်ပါတယ်”ဟု မှာကြား ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များက ပြိုင်ပွဲများတွင် ကစားသမားများ ဥပဒေပ ကစားမှုကြောင့် အရေးယူကာ ကာလရှည် ပွဲပယ်ပြစ်ဒဏ်များ ချမှတ်ခဲ့ရသည့် သာဓကများ ရှိခဲ့သည့် အတွက် ဥက္ကဋ္ဌက ယခုကဲ့သို့ အလေးပေး မှာကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဦးဇော်ဇော်က လာမည့် နှစ်တွင် ဖူဆယ်လိဂ် ပြိုင်ပွဲကို ယခုနှစ်ထက် အသင်း အရေအတွက် များများ၊ ကာလ ကြာကြာ ယှဉ်ပြိုင် ကစားနိုင်စေရန် အားထုတ် သွားမည် ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။ မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းသည် လာမည့် နှစ်များတွင် အာဆီယံ ချန်ပီယံရှစ်နှင့် ဆီးဂိမ်းစ် ဖူဆယ်ပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ရှိသကဲ့သို့ မြန်မာ ဖူဆယ် ကလပ်များ အနေဖြင့်လည်း အာဆီယံ ဖူဆယ် ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲကိုလည်း ယခုနှစ် အတွင်းယှဉ်ပြိုင် ကစားရန် ရှိနေသည်။
MFF Spy Futsal League 2016 ပြိုင်ပွဲကို ယူ-၁၉၊ MIC ၊ Winner ၊ ရန်ကုန် စီးတီး၊ UPT ၊ PU ၊ VUC ၊ YZ စသည့် အသင်းပေါင်း ၈ သင်း ဝင်ရောက် ယှဉ်ပြိုင်နေပြီး အဖွင့်ပွဲစဉ် ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ ယူ-၁၉ အသင်းနှင့် UPT အသင်းတို့ ပွဲစဉ်တွင် UPT အသင်းက (ဝ-၃) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ပထမနေ့တွင် ပွဲစဉ် ၁ ကို ယှဉ်ပြိုင် ကစားမည် ဖြစ်ရာ လက်ကျန် ပွဲများ ဖြစ်သည့် MIC နှင့် PU ၊ Winner နှင့် VUC ၊ ရန်ကုန် စီးတီးနှင့် YZ ပွဲစဉ်များကို ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။