
မန္တလေးတွင် ကျင်းပမည့် အာဆီယံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စုများ ထွက်ပေါ်~ မြန်မာအသင်း အာရှ ထိပ်သီးများနှင့် ဆုံတွေ့
March 12, 2016
AFC “B” Certificate နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
March 16, 2016မတ် ၁၂ ရက်က စတင်ခဲ့သည့် MFF Spy Futsal League 2016 ပြိုင်ပွဲ ပွဲစဉ် နှစ်ပွဲစီ ကစားပြီးချိန်တွင် VUC ၊ MIC အသင်းများမှာ နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားကြသည်။
မတ် ၁၄ ရက်က ကစားခဲ့သည့် MFF Spy Futsal League 2016 (week 2) ပွဲစဉ်များတွင် Yangon City အသင်းက Winner အသင်းကို ၇-၄ ဂိုး၊ MIC အသင်းက YZ အသင်းကို ၇-၃ ဂိုး၊ VUC အသင်း က UPT အသင်းကို ၉-၃ ၊ PU အသင်းက U 19 အသင်းကို ၈-၂ ဂိုးတို့ဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြ သည်။ ဖူဆယ်လိဂ် နှစ်ပွဲစီကစားပြီးချိန်တွင် အမှတ်ပေးဇယား အဆင့် ၁ ၊ ၂ နေရာများတွင် VUC အသင်းနှင့် MIC အသင်းတို့က ရမှတ် ခြောက်မှတ်စီဖြင့် ရပ်တည်နေသည်။ အဆင့် ၃၊ ၄၊ ၅ ၊ ၆ နေရာများတွင် PU အသင်း၊ YZ အသင်း၊ Yangon City အသင်းနှင့် UPT အသင်းတို့က ရမှတ် သုံးမှတ်စီဖြင့် ရပ်တည်နေသည်။
MFF Spy Futsal League 2016 (week 3) ပွဲစဉ်များကို လာမည့် မတ် ၂၂ ရက်၊ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ဆက်လက်ကစားမည်ဖြစ်ပြီး U 19 အသင်းနှင့် VUC အသင်း၊ PU အသင်းနှင့် YZ အသင်း၊ UPT အသင်းနှင့် Yangon City အသင်း၊ MIC အသင်းနှင့် Winner အသင်းတို့ ဆက်လက်ကစားကြမည်ဖြစ်သည်။