MFF Spy Futsal League 2016 ပွဲစဉ် ၃ အပြီးတွင် VUC နှင့် MIC အသင်းများ အမှတ်ပေးဇယားကို ဦးဆောင်
March 22, 2016တောင်ကိုရီးယားအမျိုးသမီးလက်ရွေးစင်အသင်း မြန်မာနိုင်ငံတွင် ခြေစမ်းပွဲလာကစားမည်
March 24, 2016စင်ကာပူ နိုင်ငံတွင် မနက်ဖြန် မတ်လ ၂၄ ရက်နေ့ ည (ရး၄၅)နာရီ၊ မြန်မာစံတော်ချိန် ညနေ (၆း၁၅) နာရီ၊ ဂျလန်ဘီဆာ ကွင်းတွင် ကျင်းပမည့် စင်ကာပူ လက်ရွေးစင် အသင်းနှင့် မြန်မာ့ လက်ရွေးစင် အသင်းတို့ နိုင်ငံတကာ ခြေစမ်းပွဲအတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ (၁၂း၀၀)နာရီက မြန်မာအသင်း တည်းခိုရာ Amara Hotel တွင်ကျင်းပ ပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲသို့ စင်ကာပူနှင့် မြန်မာ လက်ရွေးစင် အသင်းများ၏ နည်းပြချုပ်များ၊ အသင်းခေါင်းဆောင် များနှင့် မီဒီယာများ တက်ရောက် ခဲ့ကြသည်။
” မနက်ဖြန် ကစားမယ့်ပွဲအတွက် ကျွန်တော်တို့ ယုံကြည်မှု အပြည့်ရှိပါတယ်။ ကျွန်တော်တို့ ပြိုင်ဘက်က တောင့်တင်းတဲ့ အသင်းကောင်း တစ်သင်း ဖြစ်သလို ကျွန်တော်တို့ အချင်းချင်းမှာလည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားပြီးသားပါ။ ဒေသတွင်း အိမ်နီးချင်း ပြိုင်ဘက်လည်း ဖြစ်သလို ကမ္ဘာ့အဆင့် ရပ်တည်မှုမှာလည်း ၁၄၈ နဲ့ ၁၅၄ ဆိုတော့ နီးနီးကပ်ကပ်ရှိနေတဲ့ အသင်းတွေပါ။ ကွာခြားချက်ရှိတာကတော့ မြန်မာအသင်းဟာ ငယ်ရွယ်နုပျိုတဲ့ အသင်းဖြစ်သလို ပြီးခဲ့တဲ့ ၂၀၁၅ ယူ၂၀ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားတွေ ပါဝင်နေပါတယ်။ ကျွန်တော်တို့ စင်ကာပူ အသင်းရဲ့ ပျဉ်းမျှ အသက်က ၂၅-၂၆ ဝန်းကျင်ဖြစ်ပြီး လာမယ့် ၂၀၁၉ အာရှဖလား အတွက်ပစ်မှတ်ထား ဖွဲ့စည်းနေတဲ့ အသင်းပါ။ မနက်ဖြန် ပွဲကတော့ ကျွန်တော်တို့ အသင်း ရှေ့ခရီးအတွက် အရမ်းကို အကျိုးရှိမယ့် ခြေစမ်းပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။”
ဘန်းစတိန်း (စင်ကာပူ နည်းပြချုပ်)
” မြန်မာအသင်းကို နွေးထွေးစွာ ကြိုဆိုခဲ့ကြတဲ့ စင်ကာပူ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကို ဦးစွာပထမ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ စင်ကာပူ နည်းပြချုပ် ပြောသွားသလိုပဲ ကျွန်တော်တို့အသင်းဟာ ငယ်ရွယ်နုပျိုတဲ့ အသင်းပါပဲ။ ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် မျှော်လင့်ချက် မရှိတော့ပေမဲ့ လာမယ့် ဆူဇူကီးဖလား အတွက် ကျွန်တော်တို့ ပစ်မှတ်ထား ပြင်ဆင်နေပါတယ်။ စင်ကာပူ အသင်းဟာလည်း အကောင်းဆုံး စုဖွဲ့ ပြင်ဆင်ထားတဲ့ အသင်းဆိုတာ သိထားပါတယ်။ မနက်ဖြန် ခြေစမ်းပွဲမှာ အကောင်းဆုံး ခြေစွမ်းရအောင် ပြင်ဆင်သွားမှာပါ။ ဒီပွဲဟာ လာမယ့် လက်ဘနွန်နဲ့ပွဲ အတွက်လည်း ကြိုတင်ပြင်ဆင်ခြင်း ဖြစ်တာကြောင့် ပုံစံကောင်းရဖို့ ကြိုးစားသွားပါမယ်။ လက်ဘနွန်ဟာ လက်ရှိ အခြေအနေ အရ အခက်အခဲတွေ ရှိနေတယ်ဆိုပေမယ့် သူတို့ ရာနှုန်းပြည့် လုံခြုံမှုရှိအောင် ဖြည့်ဆည်းပေးထားမယ်လို့ ပြောထားပါတယ်။ မြန်မာ အသင်းအနေနဲ့ ဒီနှစ်အတွက် အဓိက ပစ်မှတ်က အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆူဇီကီးဖလား အောင်ပွဲရရေးပါပဲ။ ဒီအတွက် ပြည်ပကို ခြေစမ်းပွဲတွေ သွားကစားဖို့ ရှိသလို ပြည်တွင်းမှာလည်း နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲတစ်ခု ပြုလုပ်ပြီး အကောင်းဆုံး ပြင်ဆင်သွားဖို့ ရှိပါတယ်။ ဒါကြောင့် လက်ရှိ အသင်းကို အကောင်းဆုံး ပုံစံဖြစ်အောင် တည်ဆောက်သွားမှာပါ။ ယူ၂၀-ယူ၂၃ နဲ့ လိဂ်ပြိုင်ပွဲက အကောင်းဆုံး ကစားသမားတွေ စုဖွဲ့ထားပါတယ်။ ပြိုင်ပွဲမတိုင်မီ အနည်းငယ်တော့ အပြောင်းအလဲ ရှိလာဦးမှာပါ။”
ဂတ် ဖရိုင်းဒရစ် ဆီဇီ (မြန်မာအသင်း နည်းပြချုပ်)