တောင်ကိုရီးယားအမျိုးသမီးလက်ရွေးစင်အသင်း မြန်မာနိုင်ငံတွင် ခြေစမ်းပွဲလာကစားမည်
March 24, 2016မြန်မာအမျိုးသမီးအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ခြေစမ်းပွဲအား ရန်ကုန်၌ ကစားမည်
April 1, 2016MFF Spy Futsal League 2016 ဘောလုံးပြိုင်ပွဲ (week 5) ပွဲစဉ်များကို လာမည့် မတ် ၃၀ ရက်တွင် ရန်ကုန်မြို့၊ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ဆက်လက်ကစားမည်ဖြစ်ပြီး အမှတ်ပေး ဇယားထိပ်ဆုံးတွင် ဦးဆောင်နေသည့် MIC အသင်းနှင့် VUC အသင်းတို့ အမှတ်ပေးဇယား ပထမ နေရာလုမည်ဖြစ်သည်။
MFF Spy Futsal League 2016 (week 5) ပွဲစဉ်များကို မတ် ၃၀ ၊ နံနက် ၉:၀၀ မှ စတင်ကစား မည်ဖြစ်ပြီး U 19 အသင်းနှင့် Yangon City အသင်း၊ YZ အသင်းနှင့် Winner အသင်း၊ VUC အသင်းနှင့် MIC အသင်း၊ PU အသင်းနှင့် UPT အသင်းတို့ ကစားကြမည် ဖြစ်သည်။ ပွဲစဉ် လေးပွဲစီ ကစားပြီးချိန်၌ MIC အသင်းနှင့် VUC အသင်းတို့ လေးပွဲ စလုံး အနိုင်ရကာ ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေး ဇယား အဆင့် ၁ နှင့် ၂ နေရာများတွင် ရပ်တည်နေသည်။ အမှတ်ပေးဇယား အဆင့် ၃ နေရာတွင် PU အသင်းက သုံး ပွဲနိုင်၊ တစ်ပွဲ ရှုံး ရမှတ် ကိုးမှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၄ နေရာတွင် YZ အသင်းက နှစ်ပွဲ နိုင်၊ နှစ်ပွဲ ရှုံး ရမှတ် ခြောက်မှတ်ဖြင့် ရပ်တည်နေသည်။ စုစုပေါင်း အသင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဖူဆယ်လိဂ်ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ ၁၉ အသင်း က လေးပွဲကစား၊ လေးပွဲ စလုံး ရှုံးကာ အမှတ်ပေးဇယား အဆင့် ၈ နေရာ၌ ရပ်တည်နေသည်။