မြန်မာအမျိုးသမီးအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ခြေစမ်းပွဲအား ရန်ကုန်၌ ကစားမည်
April 1, 2016MFF Spy Futsal League 2016 ဒုတိယအကျော့ပြိုင်ပွဲ ဧပြီ ၂၃ ရက် စတင်မည်
April 22, 2016၂၀၁၆ ခုနှစ်အတွင်း မြန်မာ့ လက်ရွေးစင် အမျိုးသား အသင်း ယှဉ်ပြိုင် ကစားရမည့် နိုင်ငံတကာ ခြေစမ်းပွဲများ၊ ဖိတ်ခေါ်ဖလား ပြိုင်ပွဲများနှင့် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလား (အာဆီယံ ချန်ပီယံရှစ်) ပြိုင်ပွဲအတွက် ပဏာမ ကစားသမား ၂၄ ဦးစာရင်းကို နည်းပြအဖွဲ့က ယနေ့ ထုတ်ပြန်ကြေညာ လိုက်ပြီဖြစ်သည်။ အဆိုပါ ကစားသမား ၂၄ ဦးစာရင်းတွင် ပါရှိသည့် ကစားသမားများ အနေဖြင့် လာမည့် ဧပြီလ ၂၁ ရက်နေ့မှ မေလ (၁) ရက်နေ့အထိ စခန်းဝင် လေ့ကျင့်ရမည် ဖြစ်သည်။
ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းလူစာရင်း
ဂိုး– ကျော်ဇင်ဖြိုး (မကွေး)၊ ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ရန်အောင်လင်း (ရတနာပုံ)
နောက်တန်း– ကျော်ဇင်လွင်၊ နန္ဒကျော် (မကွေး)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန်၊ သီဟထက်အောင် (ရန်ကုန်)၊ အောင်ဇော် (ဟံသာဝတီ)
ဟိန်းသီဟဇော် (ရှမ်း)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)
အလယ်တန်း– လှိုင်းဘိုဘို၊ ရဲကိုဦး၊အောင်သူ၊မျိုးကိုထွန်း (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကြည်လင်း (ရန်ကုန်)၊ သီဟဇော် (ဧရာဝတီ)၊
မောင်မောင်လွင် (ဟံသာဝတီ)၊ ရန်နိုင်ဦး (ရှမ်း)
ရှေ့တန်း -ကျော်ကိုကို၊ သန်းပိုင် (ရန်ကုန်)၊ ဆမ်လန်မန် (ချင်း)၊ ဝင်းနိုင်စိုး (ရတနာပုံ)
မလေးရှား အသင်းနှင့် ခြေစမ်းပွဲ ကစားမည်
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာအသင်း အောင်မြင်မှု ရရှိရေး အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်သည့် အနေဖြင့် ပြည်ပ လက်ရွေးစင် အသင်းများကို ဖိတ်ခေါ် ခြေစမ်းပွဲများ စီစဉ်ခြင်း၊ လေးနိုင်ငံ ပါဝင်ယှဉ်ပြိုင်မည့် ဖိတ်ခေါ်ဖလား ပြိုင်ပွဲ ပြုလုပ်ခြင်း၊ ကမ္ဘာ့ဘောလုံး အင်အားကြီး နိုင်ငံများသို့ မြန်မာအသင်းအား သွားရောက်လေ့ကျင့်ခြင်း တို့ကို ပြုလုပ်သွားမည်ဖြစ်သည်။ ဖိတ်ခေါ်ဖလားပြိုင်ပွဲအား ဇွန်လအတွင်း ပြုလုပ်ရန် စီစဉ်လျက်ရှိရာ ယင်းမတိုင်မီ နိုင်ငံတကာ ခြေစမ်းပွဲ အဖြစ် မလေးရှား လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်သည်။
မြန်မာနှင့် မလေးရှား အသင်းတို့ ခြေစမ်းပွဲကို လာမည့် မေလ ၂၈ ရက်နေ့တွင် YTC ကွင်းတွင် ကျင်းပသွားမည် ဖြစ်ပြီး အသေးစိတ်ကို ထပ်မံ သတင်းထုတ်ပြန် ပေးသွားမည်ဖြစ်သည်။ မလေးရှား လက်ရွေးစင် အသင်းအနေဖြင့် ခြေစမ်းပွဲ လာရောက်ကစားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ထံ လက်ခံ အကြောင်းပြန်ကြား ခဲ့ပြီးဖြစ်သည်။