MFF Spy Futsal League 2016 ဒုတိယအကျော့ပြိုင်ပွဲ ဧပြီ ၂၃ ရက် စတင်မည်
April 22, 2016အကြိတ်အနယ် ကစားပြီး မြန်မာအသင်း၏ ခြေစမ်းပွဲ သရေရလဒ်နှင့်သာ အဆုံးသတ်ခဲ့
May 1, 2016ဂျပန်နိုင်ငံ၊ ရှိဇူအိုကာမြို့တွင် သွားရောက်ပူးတွဲ လေ့ကျင့်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လူစာရင်းကို ထုတ်ပြန်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၆ မေ ၅ ရက်မှ ၂၅ ရက်ထိ ဂျပန်နိုင်ငံတွင် လေ့ကျင့် ပြီးဖြစ်ပြီး ခြေစမ်းပွဲ လေးပွဲ (သို့မဟုတ်) ငါးပွဲခန့်ကစားရန် ရှိနေသည်။ အမျိုးသမီးအသင်းအနေဖြင့် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ပြုလုပ်မည့် 2016 AFF Women’s Championship ဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန် ရည်ရွယ်ကာ ဂျပန်နိုင်ငံသို့ သွားရောက်လေ့ကျင့်ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်အမျိုးသမီးသည် ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိပါက လာမည့် ဇွန် ၄ ရက်နှင့် ၆ ရက်နေ့များတွင် တောင်ကိုရီး ယားလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်း ကစားမည်ဖြစ်သည်။ ထို့နောက် အမျိုးသမီးအသင်းသည် လာမည့် ဇူလိုင် ၉ ရက်၊ မန္တလေးမြို့တွင် ထိုင်းလက်ရွေးစင် အမျိုးသမီး အသင်းနှင့် ထပ်မံခြေစမ်း ကစားမည်ဖြစ်သည်။
အုပ်ချုပ်၊ နည်းပြအဖွဲ့
ဒေါ်မြတ်မြတ်ဦး – အဖွဲ့ခေါင်းဆောင်
Mr.Roger Reijners – နည်းပြချုပ်
ဒေါ်သက်သက်ဝင်း – လက်ထောက်နည်းပြ
ဦးအောင်နိုင် – လက်ထောက်နည်းပြ
ဦးကိုကိုအောင် – ဂိုးနည်းပြ
ဒေါ်ယုနန္ဒာထွန်း – အသင်းဆရာဝန်
ဒေါ်ထက်ထက်ထွန်း – ဆေးဖက်ကျွမ်းကျင်(၂)
ဂျပန်နိုင်ငံသို့ လိုက်ပါမည့် လက်ရွေးစင် အမျိုးသမီး ကစားသမားစာရင်း
ဂိုး – ခင်သီတာအေး (အား/ကာ)၊ မေဇင်နွယ်(မြဝတီအက်ဖ်စီ)၊ သန္တာဦး(မြဝတီအက်ဖ်စီ)
နောက်တန်း – ခင်သန်းဝေ(မြဝတီအက်ဖ်စီ)၊ ငယ်ငယ်ထွေး(ပြည်ထဲရေး)၊ ဇင်မာထွန်း(မြဝတီအက်ဖ် စီ)၊ လဲ့လဲ့လှိုင်(မြဝတီအက်ဖ်စီ)၊ အေးအေးမိုး(မြဝတီအက်ဖ်စီ)၊ ဇင်မာဝင်း(ပြည်ထဲရေး)၊ ဖူးပွင့်ခိုင် (ပြည်ထဲရေး)၊ ဝေေ၀အောင်(အား/ကာ)
အလယ်တန်း – ခင်မိုမိုထွန်း(ပြည်ထဲရေး)၊ မေစံပယ်ဖူး(မြဝတီအက်ဖ်စီ)၊ ရူပါခိုင်(မြဝတီအက်ဖ်စီ)၊ အေးမျိုးမြတ်(မြဝတီအက်ဖ်စီ)၊ ခင်မာလာထွန်း(အား/ကာ)
ရှေ့တန်း – နီလာဝင်း(ပြည်ထဲရေး)၊ မေသူကျော်(မြဝတီအက်ဖ်စီ)၊ ဝင်းသိင်္ဂီထွန်း(မြဝတီအက်ဖ်စီ)၊ လှယဉ်ဝင်း(မြဝတီအက်ဖ်စီ)၊ နော်အားလိုဝါးဖော(ပြည်ထဲရေး)၊ ရီရီဦး(အား/ကာ)၊ ခင်မိုးဝေ(ပြည်ထဲ ရေး)