AYA Bank Cup 2016 ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲအတွက် စပွန်ဆာစာချုပ် ချုပ်ဆိုပွဲ ပြုလုပ်
May 3, 2016အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွှေးစင် ယူ-၁၉ အသင်း ပဏာမ လူစာရင်းထုတ်ပြန်
May 8, 2016မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် နေပြည်တော် အသင်း၏ နည်းပြချုပ်ဟောင်း ဦးမျိုးလှိုင်ဝင်းကို လာမည့် စက်တင်ဘာလတွင် အာဆီယံ ယူ-၁၉ ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်း၏ နည်းပြချုပ် အဖြစ် စာချုပ်ချုပ်ဆို ခန့်အပ်လိုက်ပြီ ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းလည်း ဖြစ်သည့် ဦးမျိုးလှိုင်ဝင်းကို ယနေ့ မေ ၅၊ မွန်းလွဲ ၃း၀၀ နာရီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် တစ်နှစ် သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဦးမျိုးလှိုင်ဝင်းသည် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းကို မေ ၉ တွင် စတင် ကိုင်တွယ်မည် ဖြစ်သည်။
လက်ရှိတွင် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း ဖွဲ့စည်းရန် အတွက် ကစားသမား ရွေးချယ်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကာ ပဏာမ ကစားသမား ၃၀ ဦး စာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန် ကြေငြာမည် ဖြစ်သည်။ ကစားသမားများကို ကျင်းပလျှက် ရှိသည့် ယူ-၂၀၊ ယူ-၁၈ လူငယ်ပြိုင်ပွဲများမှ ရွေးချယ်ထားခြင်း ဖြစ်ပြီး ယင်းကစားသမားများကို လာမည့် မေ ၉ ရက်မှ စတင်ကာ ပြိုင်ပွဲကာလထိ တောက်လျှောက် စုစည်း လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။
မြန်မာ အသင်းသည် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ၂၀၁၆ ပြိုင်ပွဲတွင် အုပ်စု (ခ)၌ လက်ရှိ ချန်ပီယံ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သြစတြေးလျ၊ အင်ဒိုနီးရှား (မသေချာသေး) တို့နှင့် တစ်အုပ်စုတည်း ကျရောက်လျှက် ရှိသည်။ အဆိုပါ ပြိုင်ပွဲကို စက်တင်ဘာ ၁၁ မှ ၂၄ ထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသွားမည် ဖြစ်သည်။