အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွှေးစင် ယူ-၁၉ အသင်း ပဏာမ လူစာရင်းထုတ်ပြန်
May 8, 2016လေ့ကျင့်ရေးကွင်းနှင့် တစ်နှစ်ကျော် ဝေးကွာနေခဲ့သည့် ငြိမ်းချမ်းအောင် ပထမဆုံးအဖြစ် လေ့ကျင့်ခန်း ပြန်ဆင်း
May 11, 2016၂၀၁၆ခုနှစ်မေလ ၂၈နေ့တွင် မလေးရှား လက်ရွေးစင် အသင်းနှင့် ယှဉ်ပြိုင် ကစားမည့် ပွဲစဉ်အပြင် ဇွန်လ ၃ရက်နေ့မှ ၆ရက်နေ့အထိ ကျင်းပမည့် AYA BANK CUP 2016 ပြိုင်ပွဲအတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်း ၏လူစာရင်းကို ထုတ်ပြန်ခဲ့ပြီဖြစ်သည်။
ယင်းလူစာရင်းတွင် မြန်မာနေရှင်နယ်လိဂ် နိုင်ငံခြားသားများ အသင်းနှင့်ယှဉ်ပြိုင် ကစားခဲ့သော လူစာရင်းအပြင် မကွေးအသင်း မှနိုင်လင်းထွန်းနှင့် ဇွဲကပင်ယူနိုက်တက် အသင်းမှ ကိုကိုဟိန်း တို့ကိုထပ်မံ ရွေးချယ်ခေါ်ယူပြီး ကစားသမား၂၆ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် မေလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် ပထမ အကြိမ်လေ့ကျင့်မှု ကို ပြုလုပ်မည်ဖြစ်ပြီး မေလ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် ထပ်မံ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် မေလ ၂၄ ရက်နေ့မှ စတင်၍ AYA BANK CUP 2016 ပြိုင်ပွဲ ပြီးဆုံးသည်အထိ စခန်းသွင်းလေ့ကျင့်မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။
ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းလူစာရင်း
ဂိုး – ကျော်ဇင်ဖြိုး (မကွေး)၊ ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ရန်အောင်လင်း (ရတနာပုံ)။
နောက်တန်း– ကျော်ဇင်လွင်၊ နန္ဒကျော်၊ နိုင်လင်းထွန်း (မကွေး)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန်၊ သီဟထက်အောင် (ရန်ကုန်)၊ အောင်ဇော် (ဟံသာဝတီ)၊ ဟိန်းသီဟဇော် (ရှမ်း)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ ကိုကိုဟိန်း( ဇွဲကပင်ယူနိုက်တက်)။
အလယ်တန်း– လှိုင်းဘိုဘို၊ ရဲကိုဦး၊အောင်သူ၊မျိုးကိုထွန်း (ရတနာပုံ)၊ ရန်အောင်ကျော်၊ ကြည်လင်း (ရန်ကုန်)၊ သီဟဇော် (ဧရာဝတီ)၊
မောင်မောင်လွင် (ဟံသာဝတီ)၊ ရန်နိုင်ဦး (ရှမ်းယူနိုက်တက်)။
ရှေ့တန်း -ကျော်ကိုကို၊ သန်းပိုင် (ရန်ကုန်)၊ ဆမ်လန်မန် (ချင်း)၊ ဝင်းနိုင်စိုး (ရတနာပုံ)။