လေ့ကျင့်ရေးကွင်းနှင့် တစ်နှစ်ကျော် ဝေးကွာနေခဲ့သည့် ငြိမ်းချမ်းအောင် ပထမဆုံးအဖြစ် လေ့ကျင့်ခန်း ပြန်ဆင်း
May 11, 2016ခြေစမ်းပွဲတွင် လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ကာနာဂါဝါအသင်းတို့ တစ်ဂိုးစီ သရေကျ
May 12, 2016MFF Spy Futsal League 2016 ဘောလုံးပြိုင်ပွဲ (week 13) တွင် PU အသင်းသည် VUC အသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် လက်ရှိချန်ပီယံ MIC အသင်းမှာ လက်ကျန်တစ်ပွဲ အလို၌ပင် ချန်ပီယံ ဖြစ်လာခဲ့သည်။
ပွဲစဉ် ၁၃ တွင် VUC အသင်းက PU အသင်းကို ၃-၂ ဂိုး၊ YZ အသင်းက UPT အသင်းကို ၆-၃၊ MIC အသင်းက Yangon City အသင်းကို ၉-၂ ဂိုး၊ U 19 အသင်းက Winner အသင်းကို ၇-၀ ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြသည်။ ပွဲစဉ် ၁၃ ပွဲစီ ကစားအပြီးတွင် ရမှတ် ၃၉ မှတ်ဖြင့် MIC အသင်းက အဆင့် ၁ နေရာတွင် ဦးဆောင်ခဲ့ပြီး PU အသင်းက ရမှတ် ၃၃ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။ ထို့ကြောင့် MIC အသင်းသည် လက်ကျန်တစ်ပွဲ အလိုတွင် အဆင့် ၂ နေရာမှ PU အသင်းနှင့် ရမှတ် ခြောက်မှတ်ထိ ကွာဟခဲ့သဖြင့် ပွဲစဉ်များ မပြီးဆုံးချိန်၌ပင် ချန်ပီယံဆု ရရှိ သွားခြင်း ဖြစ်သည်။ MIC အသင်းသည် လိဂ်နောက်ဆုံးပွဲစဉ်တွင် အဆင့် ၂ နေရာမှ PU အသင်းနှင့် ကစားရမည်ဖြစ်သော်လည်း အဆိုပါပွဲတွင် မည်သည့်ရလဒ် ထွက်ပေါ်စေကာမူ ချန်ပီယံဆုဖလားကို ပိုင်ဆိုင်ခွင့်ရရှိ သွားပြီဖြစ်သည်။ ထို့ကြောင့် MIC အသင်းသည် လာမည့် ဇူလိုင်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် AFF Futsal Club Championship 2016 ပြိုင်ပွဲသို့ နိုင်ငံ့ကိုယ်စားပြု ကလပ် အသင်းအနေဖြင့် ဝင်ပြိုင်ခွင့်ရရှိခဲ့သည်။
MFF Spy Futsal League 2016 (week 14) နောက်ဆုံးပွဲစဉ်ကို လာမည့် မေ ၁၄ ရက်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ ၁ သုဝဏ္ဏတွင် ကျင်းပမည်ဖြစ်ပြီး UPT အသင်း နှင့် U19 အသင်း၊ YZ အသင်းနှင့် Yangon City အသင်း၊ VUC အသင်းနှင့် Winner အသင်း၊ PU အသင်းနှင့် MIC အသင်းတို့ ကစားမည်ဖြစ်သည်။ (week 14) ၏ တတိယပွဲစဉ်ဖြစ်သည့် VUC အသင်းနှင့် Winner အသင်းတို့ပွဲ ကစားချိန်ကို မွန်းလွဲ ၁၂:၃၀ သို့ ရွှေ့ဆိုင်းထားပြီး အဆိုပါပွဲအပြီးတွင် လက်ရွေးစင် ဟောင်းများအသင်းနှင့် အနုပညာရှင်အသင်းတို့ ချစ်ကြည်ရေးပွဲ ကစားမည်ဖြစ်သည်။ ထို့နောက် အနုပညာရှင်များမှလည်း တေးဂီတများဖြင့် ဖျော်ဖြေမည်ဖြစ်သည်။ ညနေ ၃:၃၀ နာရီခွဲတွင် PU အသင်းနှင့် MIC အသင်းတို့ ကစားမည်ဖြစ်ပြီး ပွဲအပြီးတွင် ဆုပေးပွဲ အခမ်းအနား ဆက်လက်ကျင်းပ မည်ဖြစ်သည်။ မေ ၁၄ ရက်တွင် ကစားမည့် Week 14 ပွဲစဉ်များအားလုံး၏ ကွင်းဝင်ကြေးကို အခမဲ့ အဖြစ် သတ်မှတ်ထားသည်။