ခြေစမ်းပွဲတွင် လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ကာနာဂါဝါအသင်းတို့ တစ်ဂိုးစီ သရေကျ
May 12, 2016အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပွဲဦးထွက်တွင် တီမောအသင်းနှင့် မြန်မာအသင်း ကစားမည်
May 18, 2016လာမည့် မေ ၁၄ ရက်၊ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကစားမည့် MFF Spy Futsal League 2016 (week 14) နောက်ဆုံး ပွဲစဉ် များအတွက် ဝင်ကြေးကို အခမဲ့အဖြစ် သတ်မှတ်ထားသည်။
ပွဲစဉ် ၁၄ နောက်ဆုံးပွဲစဉ်များတွင် UPT အသင်းနှင့် U 19 အသင်း၊ YZ အသင်းနှင့် Yangon City အသင်း၊ VUC အသင်းနှင့် Winner အသင်း၊ PU အသင်းနှင့် MIC အသင်းတို့ ကစားကြမည်ဖြစ်သည်။ အစောပိုင်းက တတိယပွဲစဉ်ဖြစ်သည့် VUC အသင်းနှင့် Winner အသင်းတို့ပွဲကစားချိန်မှာ မွန်းလွဲ ၁:၀၀ နာရီဖြစ်သော်လည်း လက်ရှိအချိန်တွင် ၁၂:၃၀ နာရီခွဲသို့ ပြောင်းရွှေ့ထားသည်။ VUC အသင်းနှင့် Winner အသင်းတို့ ကစားပြီးပါက လက်ရွေးစင်ဟောင်းများအသင်းနှင့် အနုပညာရှင်များ အသင်း ချစ်ကြည်ရေး ခြေစမ်းပွဲ ကစားမည်ဖြစ်ပြီး အနုပညာရှင်များမှလည်း တေးဂီတများဖြင့် ဖျော်ဖြေမည်ဖြစ်သည်။ ထို့နောက် PU အသင်းနှင့် MIC အသင်းတို့ပွဲစဉ်ကို ဆက်လက်ကစားမည်ဖြစ်ပြီး ပွဲပြီး ဆုံးသည့်အချိန်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပမည်ဖြစ်သည်။ MFF Spy Futsal League 2016 တွင် ပထမဆုချန်ပီယံအသင်းကို ဆုကြေးငွေ ကျပ် သိန်းငါးဆယ်၊ ဒုတိယ ငွေကျပ် သိန်းသုံးဆယ်၊ တတိယ ငွေကျပ် သိန်းနှစ်ဆယ်နှင့် စတုထ္ထ ငွေကျပ် ၁၀ သိန်း ချီးမြှင့်မည်ဖြစ်သည့် အပြင် အသန့်ရှင်းဆုံးအသင်းဆု၊ အကောင်းဆုံးဘောလုံးသမားဆု၊ ဂိုးသွင်းအများဆုံးကစားသမားဆု များလည်း ချီးမြှင့်မည်ဖြစ်သည်။