အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပွဲဦးထွက်တွင် တီမောအသင်းနှင့် မြန်မာအသင်း ကစားမည်
May 18, 2016မြန်မာ့လက်ရွေးစင် ပဏာမ စာရင်းတွင် ကစားသမား တစ်ဦး ထပ်မံပေါင်းထည့်
May 22, 2016ဟောင်ကောင် လက်ရွေးစင် အသင်းသည် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ တစ်ရပ်ဖြစ်သော AYA Bank Cup 2016 ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် အသင်း၏ ပဏာမ လူစာရင်းကို ထုတ်ပြန် လိုက်ပြီ ဖြစ်သည်။ ဟောင်ကောင် သည် ဇွန်လ ၃ ရက်တွင် AYA Bank Cup 2016 ဘောလုံး ပြိုင်ပွဲ၏ အဖွင့်ပွဲ အဖြစ် ဗီယက်နမ် အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ဟောင်ကောင် အသင်း၏ ပဏာမ လူစာရင်းတွင် ကစားသမား ၂၈ ဦးရွေးချယ်ထားပြီး အပြီးသတ် ကစားသမား ၂၀ ဦးရွေးချယ်မည် ဖြစ်သည်။
ဂိုး – Yapp Hung Fai (Eastern), Wang Zhenpeng (Kitchee), Tse Tak Him (Kwoon Chung Southern), Tsang Man Fai (South China)
နောက်တန်း – Wong Tsz Ho (Dreams Metro Gallery), Affonso Junior, Roberto Orlando, Cheng King Ho, Tsang Kam To (Eastern), Fong Pak Lun, Leung Kwun Chung,Leung Nok Hang (HK Pegasus), Goncalves, Helio Jose De Souza, LI Ngai Hoi (Kitchee), Russell, Andrew James (South China)
အလယ်တန်း – Lee Ka Yiu, Tan Chun Lok (HK Pegasus), Ferreira Leonardo, Alessandro (Kitchee), Chan Siu Kwan Philip (South China)
ရှေ့တန်း – Chuck Yiu Kwok Tommy, Hui Ka Lok, Hui Wang Fung (BC Rangers), Lo Kong Wai, Mckee, Jaimes Anthony, Wong Wai (HK Pegasus), Akande, Alexander Oluwatayo (Kitchee), HA James Stephen Gee, Ngue, Paul Olivier (Kwoon Chung Southern), Lam Hok Hei (South China)
ဟောင်ကောင်အသင်း ပဏာမလူစာရင်းတွင် ၂၀၁၅ နိုဝင်ဘာလက မြန်မာအသင်းနှင့် ခြေစမ်းစဉ်က အထူးခြေစွမ်းပြခဲ့သည့် McKee၊ Ferreira Leonardo၊ Akande တို့ပါဝင်လျက် ရှိသည်။ ဟောင်ကောင် လက်ရွေးစင်အသင်းကို မေလ ၂၅ ရက်နေ့တွင် စတင်စုစည်း လေ့ကျင့်မည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ဇွန်လ ၁ ရက်နေ့ည တွင် ရောက်ရှိမည် ဖြစ်သည်။