
မြန်မာ့လက်ရွေးစင် ပဏာမ စာရင်းတွင် ကစားသမား တစ်ဦး ထပ်မံပေါင်းထည့်
May 22, 2016
ဂျပန်လေ့ကျင့်ရေးခရီးစဉ်တွင် လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ရှုံးပွဲဆက်နေ
May 24, 2016မဲခေါင် ဒေသတွင်း နိုင်ငံ ငါးနိုင်ငံမှ ထိပ်သီး ကလပ်အသင်းများ ပါဝင် ယှဉ်ြံပိုင်ကြသည့် တိုယိုတာ မဲခေါင် ဘောလုံး ပြိုင်ပွဲ၏ ၂၀၁၆ ခုနှစ် ပြိုင်ပွဲအတွက် ပွဲစဉ် ရေးဆွဲထားမှုတွင် မြန်မာ ကလပ်အသင်းမှာ အဖွင့်ပွဲ၌ ဗီယက်နမ် ကလပ်နှင့် တွေ့ဆုံရမည် ဖြစ်သည်။
ယင်းပြိုင်ပွဲကို နိုဝင်ဘာလတွင် စတင် ကျင်းပမည် ဖြစ်ပြီး ပြိုင်ပွဲ၏ ပုံစံအတိုင်း ပထမအဆင့်တွင် သုံးသင်း ပတ်လည် ကစားရမည် ဖြစ်ကာ ထိုသုံးသင်း အနက် အမှတ်အများဆုံး အသင်းက ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့် ရမည်ဖြစ်ကာ ဆီမီးဖိုင်နယ်မှ စောင့်ဆိုင်းနေသည့် ကမ္ဘောဒီးယား ကလပ်အသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ဆီမီးဖိုင်နယ်မှ အနိုင်ရသည့် အသင်းမှာ ဖိုင်နယ်တွင် ထိုင်းကလပ် အသင်းနှင့် တွေ့ဆုံရမည် ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာကလပ် အသင်းသည် အဖွင့်ပွဲတွင် ဗီယက်နမ် ကလပ်နှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ဒုတိယပွဲတွင် လာအိုကလပ်နှင့် ကစားရမည် ဖြစ်သည်။
ယခုနှစ်အတွက် အဆင့်သတ်မှတ်ချက် များကို ယမန်နှစ် ပြိုင်ပွဲအပေါ် မူတည်ကာ ခွဲခြားထားခြင်း ဖြစ်ပြီး ယမန်နှစ် ပြိုင်ပွဲတွင် ထိုင်းကလပ်အသင်း ဘူရီရမ်က ချန်ပီယံ ဖြစ်ခဲ့သည့် အတွက် ယခုနှစ်တွင် ဗိုလ်လုပွဲ ရောက်မှသာ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အလားတူပင် ယမန်နှစ်က ဒုတိယ ရခဲ့သည့် အတွက် ကမ္ဘောဒီးယား ကလပ်အသင်းမှာလည်း ဆီမီးဖိုင်နယ်မှ စတင် ယှဉ်ပြိုင် ရမည် ဖြစ်သည်။
လက်ရှိ အချိန်တွင် ဒေသတွင်း နိုင်ငံများ၌ ပြည်တွင်း လိဂ်ပြိုင်ပွဲများ ပြီးဆုံးခြင်း မရှိသေးသောကြောင့် ၂၀၁၆ တိုယိုတာ မဲခေါင် ဘောလုံး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည့် အသင်းများကို တိတိပပ သိရခြင်း မရှိသေးပေ။
ယင်းပြိုင်ပွဲကို စတင်ကျင်းပသည်မှာ ယခုနှစ်နှင့် ဆိုလျှင် သုံးကြိမ် ရှိလာမည် ဖြစ်ပြီး ကျင်းပပြီးစီးခဲ့သည့် နှစ်ကြိမ်စလုံးတွင် မြန်မာ နေရှင်နယ်လိဂ်မှ ကလပ်များ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည်။ ၂၀၁၄ ခုနှစ် ပြိုင်ပွဲတွင် ရှုံးထွက်ဖလား ချန်ပီယံ ဧရာဝတီ ယူနိုက်တက် အသင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယ ရရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် လိဂ်ချန်ပီယံ ရန်ကုန် ယူနိုက်တက်အသင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမအဆင့်ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
၂၀၁၆ တိုယိုတာမဲခေါင်ဖလား ပွဲစဉ် ရေးဆွဲထားမှု
