ဂျပန်လေ့ကျင့်ရေးခရီးစဉ်တွင် လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ရှုံးပွဲဆက်နေ
May 24, 2016မြန်မာနှင့် ခြေစမ်းခြင်းက တီမောနှင့် အာရှဖလား ပွဲအတွက် အရေးပါကြောင်း မလေးရှား နည်းပြ အွန်ကင်ဆွီး သုံးသပ်
May 24, 2016ဇွန်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် AYA Bank Cup 2016 နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဗီယက်နမ် လက်ရွေးစင် အသင်းသည် ကစားသမား ၂၅ ဦးပါ ပဏာမ လူစာရင်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
ဗီယက်နမ် လက်ရွေးစင် အသင်းကို ဝါရင့်တိုက်စစ်မှူး လီကောင်ဗင်က ဦးဆောင်လာမည် ဖြစ်ကာ ဂျပန် အခြေစိုက် Nguyen Tuan Anh ၊ Nguyen Cong Phuong၊ တောင်ကိုရီးယား အခြေစိုက် Luong Xuan Truong စသည့် ကစားသမားများ အစုံအလင် ပါဝင်လာမည် ဖြစ်သည်။ ဗီယက်နမ် အသင်းသည် လက်ရှိ အချိန်တွင် ကမ္ဘာ့အဆင့် (၁၄၅)၌ ရပ်တည်နေသည့် အသင်းဖြစ်ပြီး အာဆီယံ ဘောလုံး အင်အားကြီး အသင်းလည်း ဖြစ်ကာ ဆူဇူကီးဖလားကို ၂၀၀၈ ခုနှစ်က ရယူထားနိုင်သည်။
ဗီယက်နမ် လက်ရွေးစင် အသင်းသည် မေလ ၂၄ ရက်နေ့တွင် ပြင်ဆင်လေ့ကျင့်မှုများ စတင်ပြုလုပ်မည် ဖြစ်ပြီး မေလ ၃၁ ရက်နေ့တွင် ဆီရီးယား လက်ရွေးစင် အသင်းနှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ခြေစမ်းကာ ရန်ကုန်မြို့သို့ ဇွန်လ ၁ ရက်နေ့တွင် ရောက်ရှိလာမည် ဖြစ်သည်။
ဗီယက်နမ် လက်ရွေးစင် အသင်း
ဂိုး – Tran Nguyen Manh, Phi Minh Long, Dang Van Lam
နောက်တန်း – Dinh Tien Thanh, Que Ngoc Hai, Bui Tien Dung, Truong Dinh Luat, Vu Van Thanh, Tran Dinh Dong, Au Van Hoan, Tran Dinh Hoang, Hoang Van Khanh
အလယ်တန်း – Ngo Hoang Thinh, Luong Xuan Truong, Nguyen Tuan Anh, Tran Phi Son, Le Hoang Thien, Dinh Thanh Trung, Pham Thanh Luong, Nguyen Van Toan
ရှေ့တန်း – Nguyen Cong Phuong, Nguyen Van Quyet, Le Cong Vinh, Le Van Thang, Hoang Dinh Tung