မြန်မာနှင့် ခြေစမ်းခြင်းက တီမောနှင့် အာရှဖလား ပွဲအတွက် အရေးပါကြောင်း မလေးရှား နည်းပြ အွန်ကင်ဆွီး သုံးသပ်
May 24, 2016AYA Bank Cup 2016 ပြိုင်ပွဲအကြို သတင်းစာ ရှင်းလင်းပွဲကို ဇွန် ၂ တွင် ပြုလုပ်မည်
May 30, 2016ယနေ့ မေ ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြသည့် မြန်မာ့ လက်ရွေးစင် အသင်းနှင့် မလေးရှား လက်ရွေးစင် အသင်းတို့၏ နိုင်ငံတကာ ခြေစမ်းပွဲမှာ ပွဲချိန်တစ်လျှောက် အကြိတ်အနယ် ရှိခဲ့ပြီး တစ်ဘက်နှင့် တစ်ဘက် ဂိုးမသွင်း နိုင်ခဲ့ သောကြောင့် ပွဲအပြီးတွင် သရေရလဒ်သာ ထွက်ပေါ် ခဲ့သည်။
မြန်မာအသင်း နည်းပြချုပ် ဂတ်ဆီဇီသည် ယနေ့ပွဲတွင် ခံစစ်ဗဟို၌ ဖြိုးကိုကိုသိန်းကို အောင်ဇော်နှင့် တွဲဖက်ကာ ပွဲထွက်စေခဲ့ပြီး ခံစစ် အစွန်နှစ်ဘက်တွင် မျိုးကိုထွန်း၊ ဟိန်းသီဟဇော် တို့ကို အသုံးပြုခဲ့သည်။ ကွင်းလယ်တွင် ဒေးဗစ်ထန်၊ ရဲကိုဦး၊ ရန်အောင်ကျော်၊ မောင်မောင်လွင်တို့ ကစားခဲ့ပြီး တိုက်စစ်ပိုင်းကို အောင်သူနှင့် ကျော်ကိုကိုတို့က ဦးဆောင်ခဲ့သည်။
မြန်မာအသင်း အနေဖြင့် ယနေ့ပွဲတွင် ပွဲစသည်မှ စ၍ ပွဲပြီးဆုံးသည် အထိ မလေးရှား အသင်းကို ခြေစွမ်းပိုင်း အသာစီး ရယူကစား နိုင်ခဲ့သော်လည်း အဓိက တိုက်စစ်မှူးများ ဖြစ်သည့် အောင်သူနှင့် ကျော်ကိုကိုတို့ကို မလေးရှား နောက်ခံလူများ အသေလူကပ် ထိန်းချုပ်ထား နိုင်ခဲ့သောကြောင့် အပိုင်ကန်သွင်းနိုင်မှု နည်းပါးခဲ့ပြီး ဧရိယာ အပြင်မှသာ ကန်သွင်းမှုများ ပြုလုပ် ခဲ့ရသည်။ ဒုတိယပိုင်းတွင် ကြည်လင်း၊ ဆောင်လမန်၊ သန်းပိုင်တို့ကို မောင်မောင်လွင်၊ ကျော်ကိုကို၊ ဟိန်းသီဟဇော်တို့နှင့် လူစားလဲကာ တိုက်စစ်မြှင့် ခဲ့သော်လည်း မလေးရှား ခံစစ်ကြောင်း၏ ကောင်းမွန်သည့် ကာကွယ်မှုများကြောင့် မြန်မာ အသင်း အနေဖြင့် ဂိုးမရခဲ့ပေ။ ပွဲချိန် မိနစ် ၆၀ ကျော်တွင် မလေးရှား ခံစစ်ကြောင်းကို ဖောက်ထွက်ကာ သန်းပိုင် တစ်ဂိုးသွင်းခဲ့ သော်လည်း စည်းကျပ်ဒိုင်က လူကြွံဘော သတ်မှတ် ခဲ့သောကြောင့် မြန်မာအသင်း နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် မလေးရှား အသင်း အနေဖြင့် မြန်မာအသင်းကို ပြန်လှန် ခြိမ်းခြောက် ကစားနိုင်ခဲ့ သော်လည်း တိုက်စစ်ပိုင်း အဆုံးသတ် ချိတ်ဆက်မှုများ အားနည်းနေခဲ့ သောကြောင့် ဂိုးမသွင်း နိုင်ခဲ့ခြင်း ဖြစ်ပြီး ပွဲချိန် မိနစ် ၉၀ ပြည့်သည် အထိ နှစ်သင်းလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ သောကြောင့် မြန်မာအသင်းနှင့် မလေးရှား အသင်းတို့၏ ခြေစမ်းပွဲမှာ သရေရလဒ်ဖြင့်သာ အဆုံးသတ် ခဲ့ရသည်။