အကြိတ်အနယ် ကစားပြီး မြန်မာနှင့် မလေးရှားတို့ သရေကျ
May 28, 2016မြန်မာနှင့် တောင်ကိုရီးယား ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်
May 31, 2016ဇွန်လ ၃ ရက်မှ ၆ ရက်ထိ ရန်ကုန်မြို့တွင် ကျင်းပမည့် AYA Bank Cup 2016 နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲကြီး၏ ပွဲကြို သတင်းစာ ရှင်းလင်းပွဲကို လာမည့် ဇွန် ၂ ရက်တွင် ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်တွင် ပြုလုပ်သွားမည် ဖြစ်သည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ဇွန် ၂ ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီတွင် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားပြီး ပြိုင်ပွဲဝင် အသင်းများ အားလုံး တက်ရောက်မည် ဖြစ်သည်။ သတင်းစာ ရှင်းလင်းပွဲ မတိုင်မီ မွန်းလွဲ ၁း၀၀ နာရီတွင် ပွဲညှိနှိုင်း အစည်းအဝေး ကိုလည်း ပြုလုပ်မည် ဖြစ်သည်။
AYA Bank Cup 2016 နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံး ပြိုင်ပွဲကြီးကို နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲ (ဝါ) ဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်း အောင်မြင်မှု ရရှိရန် ရည်ရွယ်၍ အကြိုပြင်ဆင်မှု အဖြစ် ကျင်းပခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲသို့ အာဆီယံ ဒေသတွင်း အဓိက ပြိုင်ဘက်များ ဖြစ်သော ဗီယက်နမ်နှင့် စင်ကာပူ၊ အာရှ အသင်းကောင်း တစ်သင်း ဖြစ်သည့် ဟောင်ကောင် အသင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အသင်း လေးသင်းသာ ပါဝင်သည့် ပြိုင်ပွဲ ဖြစ်သောကြောင့် ပြိုင်ပွဲကို ဆီမီးဖိုင်နယ် အဆင့်မှ စတင်ကျင်းပရန် စီစဉ်ထားပြီး ပထမနေ့ ဖြစ်သည့် ဇွန် ၃ ရက်တွင် မြန်မာနှင့် စင်ကာပူ၊ ဟောင်ကောင်နှင့် ဗီယက်နမ်တို့ကို တွေ့ဆုံစေမည် ဖြစ်ကာ ထိုပွဲများမှ အနိုင်ရသည့် အသင်းများက ဗိုလ်လုပွဲ၊ ရှုံးနိမ့်သည့် အသင်းများက တတိယ လုပွဲများ အဖြစ် ဇွန် ၆ ရက်တွင် အသီးသီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။