မြန်မာ့လက်ရွေးစင် အသင်းသို့ ကစားသမားနှစ်ဦး ထပ်မံပေါင်းထည့်
June 19, 2016အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်း အပြီးသတ် လူစာရင်း ထုတ်ပြန်
July 1, 2016အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲများ အတွက် ကိုယ်စီပြင်ဆင်လျှက် ရှိသော သက်တမ်းလိုက် မြန်မာ့ လက်ရွေးစင် အသင်းများ ဖြစ်ကြသည့် ယူ-၁၉ အသင်းနှင့် ယူ-၁၆ အသင်းတို့ ယနေ့ ညနေ ၆း၃၀ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစား ကွင်းကြီးတွင် ခြေစမ်း ကစားခဲ့ကြရာ ယူ-၁၉ အသင်းက (၁-ဝ) ဂိုးဖြင့် အနိုင်ရခဲ့သည်။
နှစ်သင်းစလုံး အဓိက ကစားသမားများ ကိုယ်စီ အသုံးပြုခဲ့ကြပြီး ပုံစံကောင်းများ ပြသ နိုင်ခဲ့သည်။ ယူ-၁၉ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၁၅ မိနစ်ခန့်တွင် အောင်မိုးသူက ပြစ်ဒဏ်ဘောကို တိုက်ရိုက် ကန်သွင်း ရယူပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် ဗီယက်နမ် နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ၂၀၁၆ ဘောလုံး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် လေ့ကျင့်နေသည့် အသင်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲမှ ကစားသမား အများစုကို အခြေခံထားသည့် အသင်းဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းမှာ လာမည့် ဇူလိုင် ၁၀ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့၌ ကျင်းပမည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ၂၀၁၆ ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရန် လေ့ကျင့်နေသည့် အသင်းဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် ယင်းပြိုင်ပွဲ၌ အုပ်စု (က)တွင် သြစတြေးလျ၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အသင်းများနှင့် တစ်အုပ်စုတည်း ကျရောက်လျှက် ရှိသည်။ မြန်မာ ယူ-၁၆ အသင်းသည် ယခုခြေစမ်းပွဲ အပြီးတွင် ပြိုင်ပွဲအတွက် ဆက်လက် လေကျင့်နေမည် ဖြစ်ကာ ဇူလိုင် (၄)ရက်တွင် ဖနွမ်းပင် မြို့သို့ ထွက်ခွာမည် ဖြစ်ပြီး ဇူလိုင် (၆)ရက်တွင် ကမ္ဘောဒီးယား ယူ-၁၆ အသင်းနှင့် ဖနွမ်းပင် မြို့တွင် ခြေစမ်းပွဲတစ်ရပ် ကစားမည် ဖြစ်သည်။