အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၁၆ အသင်း အပြီးသတ် လူစာရင်း ထုတ်ပြန်
July 1, 2016ကမ္ဘောဒီးယားနှင့် ခြေစမ်းပွဲအတွက် ပွဲကြို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
July 5, 2016မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF မှကြီးမှူးကျင်းပ၍ 100 PLUS မှအဓိက ပံ့ပိုးကူညီသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၄)နှစ်အောက် လူငယ်ပြိုင်ပွဲ MFF U-14 Boys 100 PLUS Super Cup 2016 ပွဲကြို ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ(၁း၀၀)နာရီက MFF ရုံးချုပ်တွင် ကျင်းပခဲ့သည်။ အစည်းအဝေးသို့ MFF အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဌာနတာဝန်ခံများ၊ 100 PLUS မှတာဝန် ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် MFF အထွေထွေ အတွင်းရေးမှူးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြိုင်ပွဲကျင်းပရေး တာဝန်ခံမှ ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်း များအား ရှင်းလင်းတင်ပြ ခဲ့သည်။ ယင်းနောက် အဓိက ပံ့ပိုးသည့် 100 PLUS မှ Brand Manager ဒေါ်ပွင့်သီဟန်က စပွန်ဆာအဖြစ် ပံ့ပိုးကူညီရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့ကာ ပြိုင်ပွဲဝင် အသင်း (၁၇)သင်းမှ အဖွဲ့ခေါင်းဆောင် များက အသီးသီး ဆွေးနွေးခဲ့ကြပြီး ပွဲစဉ်ဇယားအား မဲနှိုက်ရေးဆွဲ ခဲ့ကြသည်။
MFF U-14 Boys 100 PLUS Super Cup 2016 ပြိုင်ပွဲအား ဇူလိုင်လ ၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မြက်ခင်းတုကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြိုင်ပွဲဝင် အသင်းပေါင်း (၁၇)သင်း ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ MFF အနေဖြင့် ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာ ကျောင်းအဆင့် အမျိုးသား၊ အမျိုးသမီး လူငယ် ဘောလုံးပြိုင်ပွဲများ နှစ်စဉ် ကျင်းပလျက် ရှိရာ ယူ-၁၄ ပြိုင်ပွဲအပြင် ယူ၁၆ ပြိုင်ပွဲကိုလည်း ဆက်လက် ကျင်းပသွားရန် စီစဉ်လျက် ရှိသည်။ MFF U-14 Boys 100 PLUS Super Cup 2016 ပြိုင်ပွဲ ပွဲစဉ်များအား မြန်မာ့ လက်ရွေးစင် ယူ၁၄ အသင်းနည်းပြချုပ် အဲရစ်ဝီလျံနှင့် Scouting အဖွဲ့မှလည်း စောင့်ကြည့် လေ့လာသွားမည် ဖြစ်ကာ ထူးချွန်သည့် ကစားသမားများအား လက်ရွေးစင် အသင်းများအတွက် ရွေးချယ်သွားမည်ဖြစ်သည်။
MFF U-14 Boys 100 PLUS Super Cup 2016 ပြိုင်ပွဲတွင် ပ၊ဒု၊တ ဆုများအပြင် နေရာအလိုက် တစ်ဦးချင်း အကောင်းဆုံးဆုများကိုလည်း ချီးမြှင့်ပေးအပ် သွားမည်ဖြစ်သည်။ ပွဲစဉ်ဇယား မဲနှိုက်ရွေးချယ်မှု အရ ထွက်ပေါ်လာသည့် အုပ်စုများမှာ အောက်ပါအတိုင်း ဖြစ်သည်။
အုပ်စု(က) – ချင်း၊ ရှမ်း(မြောက်)၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ
အုပ်စု(ခ) – ရခိုင်၊ ကရင်၊ ရှမ်း (အရှေ့)၊ ပဲခူး
အုပ်စု(ဂ)- မန္တလေး၊ ရန်ကုန်၊ ကချင်၊ တနင်္သာရီ
အုပ်စု(ဃ)- ရှမ်း (တောင်)၊ နေပြည်တော်၊ ကယား၊ မွန်