အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲတွင် အသုံးပြုမည့် ဥပဒေ အသစ်များကို ရှင်းလင်းမှု ပြုလုပ်
July 9, 2016ထိုင်းကို (၁-ဝ)ဂိုး အနိုင်ဖြင့် မြန်မာအသင်း အနိုင်ရရှိ
July 9, 2016AFF Myanmar Futsal Club Championship 2016 ဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၀ ရက်မှ ၁၆ ရက်ထိ နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ၊ ဖူဆယ်အားကစားရုံတွင် ကျင်းပမည်ဖြစ်ပြီး စုစုပေါင်း အသင်း ၁၀ ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သည်။
W FC (မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း)
AFF Myanmar Futsal Club Championship အမျိုးသားပြိုင်ပွဲတွင် အိမ်ရှင် မြန်မာနိုင်ငံမှ MIC အသင်း၊ ထိုင်းကလပ် ထိုင်းပေါ့စ် အသင်း၊ ဗီယက်နမ်ကလပ် ထိုင်ဆောင်နမ်အသင်း၊ အင်ဒိုနီးရှားကလပ် ဘလက်စတီးအသင်း နှင့် လာအိုကလပ် လျန်ဆန်အသင်းတို့ ပါဝင်နေသည်။ MIC အသင်းသည် ပွဲဦးထွက်အဖြစ် ဇူလိုင် ၁၀ ရက် ဘလက်စတီးအသင်း၊ ဇူလိုင် ၁၁ ရက်တွင် လျန်ဆန်အသင်း၊ ဇူလိုင် ၁၃ ရက်တွင် ထိုင်းပေါ့စ်အသင်း၊ ဇူလိုင် ၁၄ ရက်တွင် ထိုင်ဆောင်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ MIC အသင်းသည် ပြီးခဲ့သည့် ၂၀၁၅ အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့ပြီး အိမ်ရှင်အဖြစ် ပြုလုပ်သည့် ၂၀၁၆ အာဆီယံဖူဆယ် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ၌ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ရန် ပစ်မှတ်ထားနေသည်။
အမျိုးသမီးပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံမှ မြန်မာ့လက် ရွေးစင်အမျိုးသမီး (W FC ) အသင်း၊ ဗီယက်နမ် ကလပ် ထိုင်ဆောင်နမ်အသင်း ၊ ထိုင်းကလပ် ဘန်ကောက် အက်ဖ်စီအသင်း၊ အင်ဒိုနီးရှားကလပ် ဂျာရာ အသင်း၊ ထိုင်းကလပ် ခွန်ခမ်းအသင်းတို့ ပါဝင်နေသည်။ လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇူလိုင် ၁၀ ရက် တွင် ဂျာရာအသင်း၊ ဇူလိုင် ၁၁ ရက်တွင် ဘန်ကောက်အသင်း၊ ဇူလိုင် ၁၂ ရက်တွင် ထိုင်ဆောင်နမ်အသင်း၊ ဇူလိုင် ၁၃ ရက်တွင် ခွန်ခမ်းအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။ AFF Myanmar Futsal Club Championship ပြိုင်ပွဲတွင် ပတ်လည်စနစ်ဖြင့် ကစားမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့်အသင်းနှစ်သင်းသည် ဗိုလ်လုပွဲကစားရ မည်ဖြစ်ပြီး အဆင့် ၃ နှင့် အဆင့် ၄ ရရှိသည့်အသင်းတို့မှာ တတိယနေရာလုပွဲကစားရ မည်ဖြစ်သည်။ ဖူဆယ်ဘောလုံးပြိုင်ပွဲ ပွဲစဉ်များ အားလုံးကို For Sports Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသ မည်ဖြစ်ပြီး တစ်ရက်လျှင် ပွဲစဉ် လေးပွဲထိ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။