အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်က အနိုင်ရလဒ်ကို ဖြစ်ပေါ် စေခဲ့ကြောင်း မြန်မာ ယူ-၁၆ နည်းပြချုပ် ပြောကြား
July 6, 2016ပြိုင်ပွဲဝင် အသင်း ၁၀ သင်း ဝင်ပြိုင်မည့်AFF Myanmar Futsal Club Championship 2016
July 9, 2016လာမည့် ဇူလိုင်လ ၁၀ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြို့တွင် စတင် ကျင်းပမည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ် ဘောလုံး ပြိုင်ပွဲတွင် နိုင်ငံတကာ ပြိုင်ပွဲကြီးများ၌ လက်ခံ ကျင့်သုံးနေပြီ ဖြစ်သည့် ဘောလုံး စည်းမျဉ်း ဥပဒေ အသစ်များကို အသုံးပြုသွားမည် ဖြစ်ရာ ယင်းဥပဒေများကို ပြိုင်ပွဲဝင် အသင်းများ နားလည် သိရှိစေရန် အတွက် ရှင်းလင်း ပြောကြားမှုကို ယနေ့ နံနက်ပိုင်းက ဖနွမ်းပင် ဟိုတယ်၌ ပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးသို့ ပြိုင်ပွဲ ကြီးကျပ်သူ နှစ်ဦးဖြစ်သည့် မြန်မာနိုင်ငံမှ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌနှင့် အထွေထွေ အတွင်းရေး မှူးဟောင်း ဦးတင်အောင်၊ လာအိုနိုင်ငံမှ မစ္စကန်ညာ တို့နှစ်ဦးအပြင် ပြိုင်ပွဲဝင် အသင်း ၁၁ သင်းမှ မန်နေဂျာများ၊ လက်ထောက် နည်းပြများ တက်ရောက် ခဲ့ကြသည်။
အဆိုပါ ဘောလုံး ဥပဒေ အသစ်များကို ဇွန်လ ၁ ရက်ကတည်းက ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးများတွင် စတင် ကျင့်သုံးနေပြီ ဖြစ်ရာ လက်ရှိ ကျင်းပလျှက် ရှိသည့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း ကျင့်သုံးလျှက် ရှိနေသည်။ အာဆီယံ ဒေသတွင်း ပြိုင်ပွဲများတွင်မှု ယခုပြိုင်ပွဲမှာ အဆိုပါ ဘောလုံး ဥပဒေသစ်များကို ပထမဆုံး ကျင့်သုံးသည့် ပြိုင်ပွဲ ဖြစ်လာခဲ့သည်။
ဘောလုံးဥပဒေသစ်များကို ရှင်းလင်းပြောကြားမှု အပြီးတွင် ပြိုင်ပွဲအကြို ညှိနှိုင်းအစည်းအဝေးနှင့် သတင်းစာ ရှင်းလင်းပွဲများကို ဖနွမ်းပင် ဟိုတယ်၌ပင် ဆက်လက် ပြုလုပ်ခဲ့သည်။