ထိုင်းကို (၁-ဝ)ဂိုး အနိုင်ဖြင့် မြန်မာအသင်း အနိုင်ရရှိ
July 9, 2016ဖူဆယ်ပွဲဦးထွက်တွင် အမျိုးသမီး ဖူဆယ်အသင်းနှင့် MIC FC အသင်းတို့ နိုင်ပွဲ ပျောက်ခဲ့
July 10, 2016AFF Myanmar Futsal Club Championship 2016 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၀ ရက်က နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ၊ ဖူဆယ်အားကစားရုံတွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲသို့ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဦးမြင့်ထွေး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ အာဆီယံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ အမျိုးသမီးပွဲစဉ်အဖြစ် ထိုင်းကလပ် ဘန်ကောက်အသင်းနှင့် ခွန်ခမ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ခွန်ခမ်အသင်းက ဘန်ကောက်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။ ဒုတိယပွဲစဉ်ပွဲ၊ အမျိုးသားပွဲစဉ် ပွဲဦးထွက်အဖြစ် မြန်မာကလပ် MIC အသင်းနှင့် အင်ဒိုနီးရှားကလပ် ဘလက်စတီးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ AFF Myanmar Futsal Club Championship ပြိုင်ပွဲတွင် ပတ်လည် စနစ်ဖြင့် ကစားမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့်အသင်းနှစ်သင်းသည် ဗိုလ်လုပွဲကစားရ မည်ဖြစ်ပြီး အဆင့် ၃ နှင့် အဆင့် ၄ ရရှိသည့်အသင်းတို့မှာ တတိယနေရာလုပွဲကစားရမည်ဖြစ်သည်။ ဖူဆယ်ဘောလုံးပြိုင်ပွဲ ပွဲစဉ်များ အားလုံးကို For Sports Channel မှ တိုက်ရိုက်ပြသလျက်ရှိသည်။