
ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ သော်လည်း သြစတြေးလျကို မြန်မာအသင်း သရေကျ
July 10, 2016
လာအိုကလပ်ကို ဂိုးပြတ် အနိုင်ယူခဲ့သည့် လက်ရှိချန်ပီယံ ထိုင်းပေါ့စ်အသင်း
July 12, 2016AFF Myanmar Futsal Club Championship 2016 ဘောလုံးပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ဇူလိုင် ၁၁ ရက်က နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ၊ ဖူဆယ်အားကစားရုံတွင် ဆက်လက်ကျင်းပခဲ့ပြီး လက်ရွေးစင်အမျိုးသမီးအသင်းမှာ ဘန်ကောက်အသင်းနှင့် သရေကျခဲ့သော်လည်း MIC အသင်းမှာ နိုင်ပွဲစတင်ရယူနိုင်ခဲ့သည်။
AFF Myanmar Futsal Club Championship အမျိုးသမီးပွဲစဉ်များတွင် အင်ဒိုနီးရှားကလပ်၊ ဂျာရာအမျိုးသမီးအသင်းနှင့် ဗီယက်နမ် ကလပ် ထိုင်ဆောင်နမ် အမျိုးသမီးတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်ဆောင်နမ်အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် W FC အသင်းနှင့် ဘန်ကောက်အသင်းတို့ ပွဲသည် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ လက်ရွေးစင်အမျိုးသမီး အသင်းသည် အုပ်စုပွဲစဉ် နှစ်ပွဲကစားအပြီး တစ်ပွဲ သရေ၊ တစ်ပွဲ ရှုံး ရမှတ် တစ်မှတ်သာရရှိ ထားသည့်အတွက် လက်ကျန်ပွဲများ ရလဒ်ကောင်းရန် ရုန်းကန်ရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု တတိယပွဲအဖြစ် ဇူလိုင် ၁၁ ရက်တွင် ဗီယက်နမ် ကလပ် ထိုင်ဆောင်နမ် အသင်းနှင့် ကစားမည်ဖြစ်သည်။
အမျိုးသားပွဲစဉ်များတွင် ထိုင်းကလပ် ထိုင်းပေါ့စ်အသင်းက ဗီယက်နမ်ကလပ် ထိုင်ဆောင်နမ်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို MIC အသင်းမှာလည်း လာအိုကလပ် လျန်ဆန်အသင်းကို ၉-၅ ဂိုးဖြင့် အနိုင်ရခဲ့သည်။ MIC အသင်း သည် နှစ်ပွဲ ကစားပြီးချိန်၌ တစ်ပွဲ နိုင်၊ တစ်ပွဲ သရေ ရမှတ် လေးမှတ်ရရှိထားသည်။ MIC အသင်းသည် အုပ်စု တတိယပွဲအဖြစ် လာမည့် ဇူလိုင် ၁၃ ရက်တွင် လက်ရှိချန်ပီယံထိုင်းပေါ့စ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဇူလိုင် ၁၂ ရက်တွင် ကစားမည့် ပွဲစဉ်များ
Thai Son Nam Dist. 8 FC vs W FC (11:30)
Thaiport FC vs Lanexang United FC (14:00)
Khon Kaen vs Jaya Kencana Angels (16:30)
Black Steel vs Thai Son Nam FC (19:00)

