AFF MYANMAR FUTSAL CLUB ဘောလုံးပြိုင်ပွဲတွင် MIC အသင်း နိုင်ပွဲ စတင်ရရှိ
July 11, 2016ဖူဆယ်စတုထ္ထနေ့ပွဲစဉ်အပြီး လာအိုကလပ်နှင့် မြန်မာအမျိုးသမီးအသင်း အုပ်စုအဆင့်မှ ထွက်ခဲ့ရ
July 13, 2016ဇူလိုင် ၁၂ ရက်က ကစားခဲ့သည့် AFF Myanmar Futsal Club Championship အမျိုးသားပွဲစဉ် ပထမပွဲတွင် ထိုင်းကလပ် ထိုင်းပေါ့စ် အသင်းက လာအို ကလပ် လျန်ဆန်အသင်းကို ၉-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
(လက်ရှိချန်ပီယံ ထိုင်းပေါ့စ်အသင်း)
အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ထိုင်းပေါ့စ်အသင်းသည် နှစ်ပွဲ ကစားပြီးချိန်တွင် နှစ်ပွဲစလုံး အနိုင်ရရှိ ထားပြီး ရမှတ် ခြောက် မှတ် ဖြင့် အမှတ်ပေးဇယား အဆင့် ၁ တွင် ရပ်တည်နေသည်။ ထို့ပြင် ထိုင်းပေါ့စ်အသင်းသည် နှစ်ပွဲကစားအပြီး ရဂိုး ၁၃ ဂိုးရရှိထားအပြင် ပေးဂိုးမရှိ စံချိန် ရရှိထားသည်။ ထိုင်းပေါ့စ်အသင်းအား ရှုံးနိမ့်ခဲ့သည့် လာအိုကလပ် လျန်ဆန်အသင်းသည် သုံးပွဲကစား သုံးပွဲစလုံး ရှုံးနိမ့် ထားကာ ပေးဂိုး ၃၂ ဂိုးထိ ရှိခဲ့သည်။ လျန်ဆန်အသင်း သည် ဇူလိုင် ၁၃ ရက်တွင် အုပ်စုနောက်ဆုံးပွဲအဖြစ် အင်ဒိုနီးရှားကလပ် ဘလက်စတီးအသင်းနှင့် ကစားရ မည်ဖြစ်ပြီး ထိုင်းပေါ့စ်အသင်းမှာ MIC အသင်းနှင့် ကစား ရမည်ဖြစ်သည်။
ဇူလိုင် ၁၂ ရက်က ကစားခဲ့သော အမျိုးသမီး ပထမပွဲစဉ်တွင် ဗီယက်နမ် ကလပ် ထိုင်ဆောင်နမ်အသင်းက အိမ်ရှင်မြန်မာ W FC အသင်းကို ၅-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထိုင်ဆောင်နမ်အသင်းသည် နှစ်ပွဲ ကစားပြီးချိန်၌ နှစ်ပွဲ စလုံး အနိုင်ရရှိထားကာ အမှတ်ပေးဇယား အဆင့် ၁ တွင် ရပ်တည်နေသည်။ ထိုင်ဆောင်နမ်အသင်းကို ရှုံးနိမ့်ခဲ့ သည့် W FC အသင်းသည် သုံးပွဲ ကစားအပြီးတွင် တစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် တစ်မှတ်သာ ရရှိထားသည်။ ထို့ကြောင့် လက်ရွေးစင် အမျိုးသမီးအသင်းသည် ဗီုလ်လု ပွဲတက်ရောက်ခွင့်နှင့် ဝေးကွာခဲ့သလို တတိယနေရာလုပွဲ ရောက်ရှိရန်လည်း မသေချာတော့ပေ။ AFF Myanmar Futsal Club Championship အမျိုးသမီးပွဲစဉ်တွင် အသင်း ငါးသင်း ဝင်ရောက်ကစားလျက်ရှိပြီး သုံးပွဲကစားအပြီး ရမှတ် တစ်မှတ်သာရရှိ ထားသည့် လက်ရွေးစင်အမျိုး သမီး အသင်းသည် အမှတ် ပေးဇယား အဆင့် ၅ ၌သာ ရပ်တည်နေသည်။ W FC အသင်းသည် အုပ်စု နောက် ဆုံး ပွဲစဉ်အဖြစ် လာမည့် ဇူလိုင် ၁၃ ရက် ထိုင်းကလပ် ခွန်ခမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။