လာအိုကလပ်ကို ဂိုးပြတ် အနိုင်ယူခဲ့သည့် လက်ရှိချန်ပီယံ ထိုင်းပေါ့စ်အသင်း
July 12, 2016ဗိုလ်လုပွဲနှင့် လွဲခဲ့သည့် လက်ရှိချန်ပီယံ ဗီယက်နမ်အမျိုးသမီးအသင်း
July 14, 2016AFF Myanmar Futsal Club Championship 2016 ဘောလုံးပြိုင်ပွဲ စတုထ္ထနေ့ပွဲစဉ်များကို ဇူလိုင် ၁၃ ရက်က နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိ၊ ဖူဆယ်အားကစားရုံတွင် ဆက်လက်ကျင်းပခဲ့ပြီး စတုထ္ထနေ့ပွဲစဉ်များအပြီး အမျိုးသား ပြိုင်ပွဲမှ လာအိုကလပ် လျန်ဆန်နှင့် အမျိုးသမီး ပြိုင်ပွဲမှ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ် W FC အသင်း တို့ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
အမျိုးသားပွဲစဉ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လာအိုကလပ် လျန်ဆန်အသင်းသည် အုပ်စုပွဲစဉ် လေးပွဲ ကစားပြီး ချိန်၌ လေးပွဲစလုံး ရှုံးနိမ့် ကာ အမှတ်မရရှိဘဲ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ အလားတူ အမျိုးသမီးပွဲစဉ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် W FC အသင်းသည် အုပ်စုပွဲ စဉ် လေးပွဲကစားအပြီး တစ်ပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် တစ်မှတ် သာ ရရှိခဲ့သည့်အတွက် အုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရခြင်းဖြစ်သည်။ AFF Myanmar Futsal Club Championship 2016 ဘောလုံးပြိုင်ပွဲ စတုထ္ထနေ့ပွဲစဉ်များကို ဇူလိုင် ၁၄ ရက်တွင် ဆက်လက် ကစားမည်ဖြစ်သည်။ အမျိုးသားပွဲစဉ်တွင် ထိုင်ဆောင်နမ်အသင်းနှင့် MIC အသင်း၊ ထိုင်းပေါ့စ်အသင်းနှင့် ဘလက်စတီး အသင်းတို့မှာ ဗိုလ်လုပွဲသို့ တက်ရောက်ခွင့်ရရှိရန် မျှော်လင့်ချက်ရှိနေပြီး ဗိုလ်လုပွဲတက်ခွင့်အတွက် အဆိုပါ အသင်းလေးသင်း အကြိတ်အနယ် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အလားတူ အမျိုးသမီးပြိုင်ပွဲတွင်လည်း ထိုင် ဆောင်နမ်၊ ဂျာရာ၊ ခွန်ခမ်စသည့် အသင်းသုံးသင်းမှာ ဗိုလ်လု ပွဲသို့ တက်ရောက်ခွင့်ရရန် အပြိုင်အဆိုင်ဖြစ် နေသည်။ AFF Myanmar Futsal Club Championship 2016 ဘောလုံးပြိုင်ပွဲ ပွဲစဉ်များကို For Sports ရုပ်သံလိုင်းမှ တိုက်ရိုက် ပြသလျှက်ရှိသည်။
ဇူလိုင် ၁၄ရက်တွင် ကစားမည့် ဖူဆယ် ပွဲစဥ်များ
Kencana Angels | vs | Bangkok FC | 11:30 |
Thai Son Nam FC | vs | MIC FC | 14:00 |
Khon Kaen FC | vs | Thai Son N D 8 FC | 16:30 |
Black Steel | vs | Thaiport | 19:00 |