အင်ဒိုနီးရှားကလပ်အသင်းနှင့် တတိယလုမည့် MIC အသင်း
July 14, 2016AFF Myanmar Futsal Club Championship တွင် ထိုင်းပေါ့စ်အသင်းနှင့် ဂျာရာအသင်းတို့ ဗိုလ်စွဲ
July 16, 2016AFF Myanmar Futsal Club Championship အမျိုးသား တတိယနေရာလုပွဲကို ဇူလိုင် ၁၆ ရက်က ကစားခဲ့ပြီး မြန်မာကလပ် MIC အသင်းက အင်ဒိုနီးရှားကလပ် ဘလက်စတီးအသင်းကို အနိုင်ရရှိကာ နှစ် နှစ်ဆက် တတိယဆု ရယူသွားခဲ့သည်။
MIC အသင်းနှင့် ဘလက်စတီးအသင်းတို့ အမျိုးသား တတိယလုပွဲတွင် ဘလက်စတီးအသင်းက ဦးဆောင်ဂိုးများ တရစပ် သွင်းယူနိုင် ခဲ့ သော်လည်း MIC အသင်း၏ ချေပဂိုးများနှင့် အနိုင်ဂိုးများကို ပြန်လည်ခွင့်ပြုခဲ့ရသဖြင့် ပွဲအပြီးတွင် MIC အသင်းက ၇-၅ ဂိုးဖြင့် အနိုင်ရရှိ သွားခဲ့ခြင်းဖြစ်သည်။ AFF Myanmar Futsal Club Championship 2016 ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် MIC အသင်းသည် ပြီးခဲ့ သည့် ၂၀၁၅ ခုနှစ် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း တတိယ တစ်ကြိမ် ရရှိထားသည်။ ထို့ကြောင့် MIC အသင်း သည် အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ၌ နှစ် နှစ်ဆက် တတိယ ဆုရရှိလာသည့် မြန်မာနိုင်ငံ ကိုယ်စားပြု ကလပ်အသင်း တစ် သင်းဖြစ်လာသည်။
အမျိုးသမီး တတိယနေရာလုပွဲတွင် ဗီယက်နမ်ကလပ် ထိုင်ဆောင်နမ်အသင်းက ထိုင်းကလပ် ဘန်ကောက်အသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ထိုင်ဆောင်နမ်အသင်းသည် အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်အမျိုးသမီးပြိုင်ပွဲ၏ လက်ရှိချန်ပီယံ အသင်းဖြစ် သော်လည်း 2016 AFF Myanmar Futsal Club Championship ပြိုင်ပွဲ၌မူ တတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။
(အမျိုးသမီးပြိုင်ပွဲတွင် တတိယရရှိခဲ့သည့် ထိုင်ဆောင်နမ်အသင်း ကစားသမားများ ဂိုးသွင်းအပြီး အောင်ပွဲခံနေစဉ်)