Myanmar vs Timor Post-Match Press Conference
July 27, 2016Myanmar vs Australia (Post Match Press Conference) [AFF Myanmar Women’s Championship 2016)
July 31, 2016ဒီနေ့ပွဲမှာ အခွင့်အရေးအများကြီးရခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘူး။ ဒီနေ့နိုင်ပွဲအတွက် ကျေနပ်ပါတယ်။
ဒီနေ့နိုင်ပွဲဟာ ပရိသတ်က နိုင်ပွဲယူပေးသလိုပါပဲ ။ ပထမဆုံးအနေနဲ့ ပရိသတ်ကို ကျေးဇူူးတင်ချင်ပါတယ်။ ပရိသတ်တွေ အများကြီးလာရောက် အားပေးတဲ့အတွက် အသင်းအပေါ်အားဖြစ်စေပါတယ်။ ဒီလိုပရိသတ်တွေများတာဟာ အားဖြစ်စေသလို ဖိအားလဲဝင်စေနိုင်ပါတယ်။ ဘောလုံးမှာ စိတ်ခံစားချက် နဲ့ ကစားလို့မရနိုင်ပါဘူး။
ခင်မာလာထွန်းက မန္တလေးသူဖြစ်တယ် ဒါပေမယ့် သူ့ရဲ့မွေးရပ်မြေမှာ တည်တည်ငြိမ်ငြိမ်နဲ့ ကစားသွားနိုင်တယ်။ အဲ့အတွက် သူ့ကိုချီးကျူးလိုပါတယ်။ တခြားအသင်းသားတွေအနေနဲ့ သူ့တို့ အတုယူဖို့ ပြောချင်ပါတယ်။ သြစတြေးလျအသင်း နဲ့ ပွဲစဉ်မတိုင်ခင် ကြားထဲမှာ နားရက်တစ်ရက်ပဲရတဲ့အတွက် အသင်းရဲ့ ကြံ့ခိုင်မှုပိုင်းကို ပြန်လည်ပြင်မယ်။ အသင်းရဲ့ အားနည်းချက်တွေကို သုံးသပ်မယ်။ သြစတြေးလျအသင်းရဲ့ ကစားပုံတွေကိုလေ့လာပြီး အကောင်းဆုံးရင်ဆိုင်သွားမှာပါ
မြန်မာအသင်းနည်းပြ ရော်ဂျာ
We got a lot of chances to score but we can’t change into goals. I’m happy for today win. This winning is also because of the fans. Firstly I want to thank the Myanmar people. The team got strength from the fans. A lot of people make strength to the team but also pressure. Football must be played by using brain not emotional. I want to mention Khin Marlar Tun who was born in Mandalay and grown up in Mandalay. But she had played the best in front of many fans. I have one day before the match with Australia and I will recover the fitness of my team. And also analyse the tactic of Australia team by watching video tape of the team and I will prepare by fixing weakness of my team. At last I will face Australia with the best.
Reuners Roger
(Head Coach of Myanmar team)
——————————
ကျွန်တော်တို့အသင်း အများကြီး တိုးတက်လာခဲ့ပါတယ်။ အရင်ကဆို မလေးရှားအသင်းက မြန်မာကို ၆ဂိုး ၇ဂိုးလောက်နဲ့ ရှုံးခဲ့တာပါ။ အခု ၂ဂိုး ၁ဂိုးဆိုတဲ့ ရလဒ်က မလေးရှားအသင်းအတွက် ရလဒ်ကောင်းတစ်ခုပါ။ မြန်မာအသင်းဟာ အိမ်ရှင်အသင်းဖြစ်ပြီး ပရိသတ်တစ်သောင်းကျော်လောက်က မြန်မာအသင်းကို လာရောက်အားပေးခဲ့ကြတာပါ။ ဒါဟာ မြန်မာအသင်းအတွက် တစ်ကယ်ကို အထောက်အကူဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီအခြေအနေကို အကောင်းဆုံး ရင်ဆိုင်နိုင်ခဲ့ပါတယ်။ ပထမပိုင်း ၄၃ မိနစ်ထိ ကျွန်တော်တို့အသင်းက ၁ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါဟာ တစ်ကယ်ကိုကျေနပ်စရာကောင်းပါတယ်။ ပယ်နယ်တီသာ မပေးခဲ့ရဘူးဆိုရင် မြန်မာအသင်း အခြေအနေဆိုးသွားနိုင်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဘောလုံးအားကစားမှာ ဘယ်အရာမဆို ဖြစ်သွားနိုင်ပါတယ်။ ဆီမီးဖိုင်နယ်တက်ရောက်သွားနိုင်ခဲ့တဲ့ မြန်မာအသင်းကိုလည်း ဂုဏ်ပြုပါတယ်။
မလေးရှားအသင်းနည်းပြ အက်ဘ်ဒူလာ
We improve our team. We develop our team because Malaysia lost Myanmar 6 or 7 before. This is positive for Malaysia team. And Myanmar is host country and may be 10,000 people are in the stadium to support Myanmar team. This is very good for Myanmar. But our team can absorb this situation and I’m very happy because my team leads 1-0 until 43 mins and this is very very positive. I think without penalty, Myanmar will be in terrible. But this is football and everything can happen. Congratulations to Myanmar team for qualifying to Semi-Final.
MOHD Asyraaf Bin Abdullah
(Head Coach of Malaysia team)