Myanmar vs Australia (Post Match Press Conference) [AFF Myanmar Women’s Championship 2016)
July 31, 2016အာဆီယံ ဘောလုံး အဖွဲ့ချုပ် ကောင်စီအစည်းအဝေး ကျင်းပ~MFF အတွင်းရေးမှူးဟောင်း ဦးတင်အောင်ကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့
August 2, 2016AFF Myanmar Women’s Championship 2016 အုပ်စု (B) နောက်ဆုံးပွဲစဉ်များကို ယနေ့ ဇူလိုင်လ ၃၁ရက်နေ့က ယှဉ်ပြိုင်ခဲ့ကြပြီး အုပ်စုဗိုလ်အဆုံးအဖြတ်နေရာအတွက် ယှဉ်ပြိုင်ခဲ့ကြသည့် အိမ်ရှင် မြန်မာအသင်းနှင့် သြစတြေးလျအသင်း တို့ ပွဲစဉ်တွင် သြစတြေးလျ အသင်း နောက်ကျချေပဂိုးဖြင့် သရေတစ်မှတ်ရရှိခဲ့ပြီး ဂိုးကွာခြားချက်အရ အုပ်စုပထမနေရာ မှ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး မြန်မာအသင်းက အုပ်စု ဒုတိယနေရာမှ ဆီမီးအဆင့်သို့ တက်ရောက်ခဲ့သည်။
“သြစီဟာ အရမ်းတောင့်တင်းတဲ့အသင်းပါ။ ငယ်ရွယ်တဲ့ကစားသမားတွေနဲ့ဖွဲ့စည်းထားတယ်။
ဒုတိယပိုင်းမှာ အခွင့်အရေးတစ်ကြိမ်ရတယ် အဲ့တာကို ဂိုးပေးလိုက်ရတယ်။
မြန်မာအသင်းဒီနေ့ ခံစစ်ကို ကောင်းကောင်းကစားနိုင်ခဲ့တယ်။ မြန်မာအသင်းမှာ ရှိနေတဲ့ပြသနာ ကခံစစ်ကနေတိုက်စစ်ကိုပြောင်းတဲ့အချိန်မှာ ကြန့်ကြာနေတာပါ။
ပွဲစဉ်ကောင်းတစ်ပွဲဖြစ်တယ်။ မြန်မာအသင်းကို ပိုပြီး ကောင်းအောင်ပြင်ဆင်မှာပါ” ဟု မြန်မာအသင်း နည်းပြ ရော်ဂျာ က ပွဲပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မြန်မာအသင်း နှင့် သြစီအသင်းတို့ ပွဲစဉ်သည် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်မှုများရှိနေပြီး ပွဲချိန်တွင် ၄၀မိနစ်တွင် သြစတြေးလျ ဂိုးသမား ရှေ့ထွက်နေသည့် အနေအထားကို ခင်မိုးဝေမှ အပိုင်အသုံးချပြီး မြန်မာအသင်း အဖွင့်ဂိုးရရှိခဲ့သည်။ ဒုတိယပိုင်းတွင် သြစတြေးလျအသင်း ကစားသမား ၃ဦးအထိ အပြောင်းအလဲလုပ်ခဲ့ပြီး ချေပဂိုး ပြန်လည်သွင်းယူရန် တိုက်စစ်ဖွင့်ကစားခဲ့သည်။
ပွဲချိန် ၇၆မိနစ်တွင် အမြင့်ဘောပေးပို့မှုမှ ပြန်ကျလာသည့်ဘောလုံးကို လူစားဝင်လာသည့် သြစတြေးလျ ကစားသမား မာလီနာ အေ့ရှိစ် က ကန်သွင်းပြီး သြစတြေးလျ အသင်း အတွက် ချေပဂိုးသွင်းယူပေးခဲ့သည်။
အဆိုပါ ပွဲစဉ်ကို ပရိသတ် ၂၂၅၀၀ ကျော်လာရောက် အားပေးခဲ့ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ယခုကဲ့သို့ လာရောက်အားပေးခြင်းကို ကျေးဇူးတင်ကြောင်း မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် ရော်ဂျာ က ဆိုသည်။