အာဆီယံ ဘောလုံး အဖွဲ့ချုပ် ကောင်စီအစည်းအဝေး ကျင်းပ~MFF အတွင်းရေးမှူးဟောင်း ဦးတင်အောင်ကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့
August 2, 2016Vietnam vs Myanmar (Post-Match Press Conference) [AFF Myanmar Women’s Championship 2016]
August 2, 2016၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် အုပ်စု ခွဲဝေမှုကို ယနေ့ည ရး၀၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအသင်းမှာ အုပ်စု(ခ)တွင် မလေးရှား၊ ဗီယက်နမ်၊ ခြေစစ်ပွဲအောင် အသင်းတို့နှင့် အတူ အုပ်စုကျပ်အတွင်း ကျရောက်သွား ခဲ့သည်။
၂၀၁၆ ဆူဇူကီးဖလား ပြိုင်ပွဲကို ခြေစစ်ပွဲအောင် အသင်း တစ်သင်း အပါအဝင် အသင်းပေါင်း ၈ သင်း ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ပြီး ယင်းအသင်းများကို လေးသင်းစီ နှစ်အုပ်စု ခွဲခြားကာ အုပ်စု တစ်ခုစီကို နိုင်ငံတစ်နိုင်ငံ စီတွင် ကျင်းပသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံများက အုပ်စုတစ်ခုစီကို အိမ်ရှင်အဖြစ် လက်ခံရန် စီစဉ်ထားရာ အုပ်စု(က)ကို ဖိလစ်ပိုင်က အိမ်ရှင်၊ အုပ်စု(ခ)ကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်သည်။ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ် ပွဲများကိုမူ ဆူဇူကီးဖလား ပြိုင်ပွဲ၏ ထုံးစံအတိုင်း တက်ရောက်သည့် အသင်းများ၏ အိမ်ကွင်းများတွင် နှစ်ကျော့ စနစ်ဖြင့် ကျင်းပသွားမည် ဖြစ်သည်။
မြန်မာ အသင်းသည် အုပ်စု(ခ)တွင် ဗီယက်နမ်၊ မလေးရှား၊ ခြေစစ်ပွဲအောင် အသင်း များနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည် ဖြစ်ရာ အုပ်စု (က)တွင် ဖိလစ်ပိုင်၊ ထိုင်း၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့ ကျရောက်ခဲ့သည်။
ဆူဇူကီးဖလား ပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်တွင် စတင် ကျင်းပမည် ဖြစ်ကာ ဒီဇင်ဘာလ ၁၇ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။ မြန်မာအသင်း ပါဝင်သည့် အုပ်စု(ခ) ပွဲစဉ်များကို နိုဝင်ဘာ ၂၀ တွင် စတင်ကျင်းပမည် ဖြစ်ပြီး မြန်မာ အသင်းအနေဖြင့် အဖွင့်ပွဲတွင် ဗီယက်နမ် အသင်းနှင့် ကစားရမည် ဖြစ်သည်။
မြန်မာအသင်း၏ အုပ်စုပွဲစဉ်များ
နိုဝင်ဘာ ၂၀ မြန်မာ – ဗီယက်နမ်
နိုဝင်ဘာ ၂၃ ခြေစစ်ပွဲအောင် အသင်း – မြန်မာ
နိုဝင်ဘာ ၂၆ မြန်မာ – မလေးရှား