မြန်မာအသင်းကို သရေ ကစားကာ သြစတြေးလျအသင်း အုပ်စု ပထမနေရာမှ ဆီမီးဖိုင်နယ်သို့ တက်ရောက်
July 31, 2016ဆူဇူကီးဖလား အုပ်စုခွဲဝေမှုတွင် မြန်မာအသင်း အုပ်စုကျပ်အတွင်း ကျရောက်~အဖွင့်ပွဲတွင် မြန်မာအသင်း ဗီယက်နမ်နှင့် ကစားရမည်
August 2, 2016အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)၏ ခြောက်ကြိမ်မြောက် ကောင်စီအစည်းအဝေးကို ယနေ့ နံနက် ၁၀း၀၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးသို့ အာဆီယံ ဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ နှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဒေါက်တာ ထရန်၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် ကီယက်ဖ်ဆမစ်၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး မစ္စတာ ဒါတိုအဇူဒင်နှင့် အာရှ ဘောလုံးအဖွဲ့ချုပ် ကိုယ်စားလှယ်များ၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံများမှ ဥက္ကဌများ၊ အထွေထွေ အတွင်းရေးမှူးများ တက်ရောက် ခဲ့ကြသည်။
အစည်းအဝေး အတွင်း အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပ နေသည့် ပြိုင်ပွဲများ၊ အဖွဲ့ဝင် နိုင်ငံများ၏ ဘောလုံး အဖွဲ့ချုပ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ၊ ငွေကြေးပိုင်း ဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။
ယင်းနောက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌနှင့် အထွေထွေ အတွင်းရေးမှူးဟောင်း ဦးတင်အောင်အား အာဆီယံ ဘောလုံးလောက အတွင်း အချိန်ကြာမြင့်စွာ အကျိုးဆောင်ခဲ့မှု အတွက် အာဆီယံ ဘောလုံး အဖွဲ့ချုပ်မှ ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်မှု ပြုလုပ်ခဲ့သည်။ ယင်းဆုကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း ဦးတင်အောင်မှ လက်ခံ ရယူခဲ့ပြီး အာဆီယံ ဘောလုံးအဖွဲ့ချု့ပ် ဒုတိယ ဥက္ကဌ တစ်ဦး ဖြစ်သည့် ဗိုလ်ချုပ် ကိယက်ဖ်ဆမစ်က ပေးအပ် ခဲ့သည်။
ထို့နောက်တွင် တက်ရောက် လာကြသည့် အာဆီယံ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌများ၊ အာဆီယံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၊ အာဆီယံ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံများမှ ဥက္ကဌများ၊ အထွေထွေ အတွင်းရေးမှူးများကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က အမှတ်တရ လက်ဆောင်များ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
လာမည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ဒေသတွင်း အမြင့်ဆုံး ဘောလုံးပြိုင်ပွဲကြီး ဖြစ်သည့် AFF Suzuki Cup 2016 ပြိုင်ပွဲအတွက် မဲခွဲပွဲ အခမ်းအနားကို ယနေ့ ညနေ ရး၀၀ နာရီတွင် နိုဗိုတယ် ဟိုတယ် Grand Ballroom ၌ ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။