Vietnam vs Myanmar (Post-Match Press Conference) [AFF Myanmar Women’s Championship 2016]
August 2, 2016AFC ‘C’ Coaching Certificate Course opens in Shan State
August 9, 2016ဆူဇူကီးဖလား ပြိုင်ပွဲ အုပ်စုခွဲဝေမှုတွင် မြန်မာ့ လက်ရွေးစင် အသင်း အနေဖြင့် အုပ်စု(ခ)၌ ဗီယက်နမ်၊ မလေးရှား၊ ခြေစစ်ပွဲအောင် အသင်းများဖြင့် တစ်အုပ်စုတည်း ကျရောက်လျှက် ရှိရာ မြန်မာအသင်း နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီက ဆူဇူကီးဖလား ပြိုင်ပွဲတွင် မြန်မာအသင်း အနေဖြင့် အုပ်စုအဆင့်ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက် နိုင်ရန် အခွင့်အရေးကောင်များ ရှိနေကြောင်း ဆိုခဲ့သည်။
မြန်မာ အသင်း နည်းပြချုပ် ဂတ်ဆီဇီ အနေဖြင့် မိသားစု ကိစ္စရပ်များကြောင့် ဂျာမနီ နိုင်ငံသို့ ပြန်သွားခဲ့ရာ ဆူဇူကီးဖလား မဲခွဲပွဲသို့ တက်ရောက် နိုင်ခဲ့ခြင်း မရှိပေ။ “ဒီအုပ်စုဟာ ကျွန်တော်တို့ အတွက်တော့ တစ်ကယ့်စိန်ခေါ်မှု ပါပဲ။ အုပ်စုတွင်းက အသင်းတွေက အသင်းကောင်းတွေပါ။ ပြိုင်ပွဲ မတိုင်မီမှာ ကျွန်တော်တို့ အတွက် သုံးလထိ လေ့ကျင့်ချိန် ရပါတယ်။ ဒီသုံးလ အတွင်းမှာ ဥရောပကိုလည်း ၆ ပတ်ကြာ သွားလေ့ကျင့် ဦးမှာပါ။ ကျွန်တော်တို့မှာ အုပ်စုအဆင့်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက် နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ အုပ်စုတွင်းတွင် ရေပန်းအစားဆုံး အသင်းမှာ ဗီယက်နမ် ဖြစ်ကြောင်း နည်းပြချုပ်က ဆိုသည်။ “ကျွန်တော်တို့ အုပ်စုမှာ နောက်တစ်ဆင့် တက်ဖို့ ရေပန်းအစားဆုံးက ဗီယက်နမ်ပါ။ ဗီယက်နမ်ဟာ အကောင်းဆုံး တိုးတက်နေတဲ့ အသင်းဖြစ်ပြီး နည်းစနစ်ပိုင်း ပြောင်မြောက်တဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားသလို နည်းဗျူဟာပိုင်းမှာလည်း အရမ်းကောင်းပါတယ်”ဟု နည်းပြချုပ်က ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက မလေးရှား အသင်းသည်လည်း ကစားရခက်သည့် အသင်းဖြစ်ပြီး မိမိတို့ အနေဖြင့် အုပ်စု အဆင့်မှ လွန်မြောက်လိုပါက မလေးရှားအသင်းကို အနိုင်ကစားရန် လိုအပ်ကြောင်း ဆိုခဲ့သည်။
ခြေစစ်ပွဲအဆင့်မှ တက်ရောက်လာမည့် အသင်းနှင့် ပတ်သက်၍မူ မစ္စတာဂတ်က ခြေစစ်ပွဲဝင် အသင်းများ အနက် ဘောလုံး အကစားတတ်ဆုံး အသင်းဖြစ်သည့် ကမ္ဘောဒီးယား အသင်းသာ ခြေစစ်ပွဲ အောင်မြင်လာမည်ဟု ထင်မြင်မိကြောင်း ဆိုသည်။ ဆူဇူကီးဖလား ပြိုင်ပွဲ၏ ခြေစစ်ပွဲများကို အောက်တိုဘာလ အတွင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တွင် ကျင်းပသွားမည် ဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ တီမောနှင့် ဘရူနိုင်းတို့ ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းကို လက်ရှိတွင် အနားပေးထားပြီး မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ ပြီးဆုံးချိန် သြဂုတ် (၂၃) မှ စကာ စခန်းသွင်း လေ့ကျင့်မှုများ ပြုလုပ်ပြီး ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်သွားမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းအတွက် အတွေ့အကြုံကောင်းများ ရရှိရန် ရည်ရွယ်ကာ စက်တင်ဘာ ၁၁ တွင် ဥရောပ နိုင်ငံများသို့ သွားရောက် လေ့ကျင့်မည် ဖြစ်သည်။